Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

ရေနည်းငါး

$
0
0

စိမ်းလဲ့ကြည်သာ ပင်လယ်ပြာနှင့်တောင်စွယ်တောင်တန်း စိမ်းစိုလန်းစွာဝိုင်းရံကာထား တံတိုင်းများဖြင့်တင့်တယ်လှစွာ လှပနေသောမွေးဇာတိမြေ ရွှေခိုင်ပြည်ကိုနေ့စဉ်နှင့်မျှ လွမ်းနေရ၏.....။ပြန်လာမည့်ရက် မျော်ရည်တွက်ကာမျက်ရေယိုစီး လွမ်းနေဘိသောမွေးသောမိခင် ကျေးဇူးရှင်အားလွမ်းအားပိုကာ ငိုရပါ၏......။ဆင်းရဲနွမ်းပါး မြန်ပြည်သားတို့နိုင်ငံရပ်ခြား သွားရောက်ရုန်းကန်နေရပြန်လည်းစာနာထောက်ထား သနားမည့်သူ မရှိသူမို့အဖမဲ့သား ရေနည်းငါးတည်း.......။


မဆုံးသောအချစ်

$
0
0

မင်းမချစ်လို့ ပစ်မုန်းသွားပေမယ့်

မဆုံးသော အချစ်နဲ့

မမုန်းပဲ ထာဝရ

ချစ်နေမှာက.ကိုယ်လိုလူပါ.။

ထားအပ်တဲ့မာန်

$
0
0

                               ထားအပ်တဲ့မာန်  10-Jan-14

ငယ်ငယ်က ကျွန်တော်အဖေပြောပြဖူးတဲ့ ဝတ္တုတိုလေးသွားသတိရမိတယ်။တိုက်ဆိုင်မှု

ရှိလို့ပဲလားမသိဘူးဗျ။သေချာစဉ်းစားကြည့်မိတော့ သဘောကျမိတယ်။ဝတ္တုလေးထဲက

ခြင်္သေ့မင်းရဲ့အကြောင်းပါ။ အားလုံသိတဲ့အတိုင်းပဲလေ ခြင်္သေ့ဆိုတာက တောဘုရင်းမျိုး

လေ။တောဘုရင်ဟာလဲ ခြင်္သေ့ပဲဖြစ်ရတယ်မဟုတ်လား။ဘုရင်ဖြစ်သည်နဲ့အညီ ကိုယ်ကျင့်သီလ၊ညဏ်ပညာလဲပြည့်စုံတယ်။အစွမ်းရည်လဲ သူများထက်သာတယ်လေ။

ဒါကြောင့် ခြင်္သေ့တွေဟာ တောဘုရင်ဖြစ်တာပေါ့။သိုသော် ခြင်္သေ့တွေဟာ မာန်မာန

ကြီးမာကြပါတယ်။ဘယ်လို ကြီးမားလဲဆိုတော့ အစားအသောက်နဲ့ပတ်သတ်လာရင်လဲ

ဘယ်လိုပဲအစာရေစာရှားပါးရှားပါး မြက်မစားဘူးတဲ့ဗျ။သူက အသားစားသတ္တဝါကိုးနော်

သို့သော် အသားစားသတ္တဝါဆိုသော်ငြားလဲ စားစရာမရှိလို့ သေပစေ ကြွက်လိုမျိုးသေး

ငယ်သော သားကောင်းများကို ဘယ်တော့မှ မဖမ်းစားဘူးတဲ့လေ။ ဟုတ်တာပေါ့

သူ့လို့မျိုး ဂုဏ်အရှိန်ဝါ ကြီးမားတဲ့ ခြင်္သေ့မင်းက ထားအပ်တဲ့ မာန်မာနဆိုတာတော့ ထားသင့်တာပေါ့ဗျာ။

  ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဘာသာတရားနဲ့ရှင်ပြီးပြောရရင်တော့ မာန်

မာနတရားဆိုတာ မထားအပ်ဘူးပေါ့ဗျာ။သို့သော်လည်းပဲ ကျွန်တော်တို့လို ပုထုစဉ်တွေ

အတွက်တော့ ထိုက်သင့်တဲ့ မာန်လေးတော့ထားသင့်နေပြန်တယ်။ဘာဖြစ်လို့လဲဆိုရင်

တော့ လူတစ်ယောက်ဟာ ထိုက်သင့်တဲ့ မာန်မာန မရှိဘူးဆိုရင်ကျွန်တော်တို့လူ့အ သိုင်းဝိုင်းထဲမှ အခတ်သားဗျ၊ရှင်းအောင်ပြောရရင် လူမလေးစားတော့ဘူးဗျ။

တစ်ချိုဆို အဲဒီမာန်မာနမဲ့တာကို အခွင့်ကောင်းယူးပြီးဒီလူရဲ့ ဂုဏ်သိက္ခာ (dignity)

ဆိုတာကို ထိခိုက်လာပြန်တယ်။အချိန် မရလို့ ချူပ်ပြောရရင် ခြင်္သေ့လို့မျိုး ဂုဏ်သိက္ခာ

(dignity) ရှိရှိနေရမယ်။ထားအပ်တဲ့မာန်လဲရှိရမယ်ပေါ့ဗျာ။dignity မရှိပဲနဲ့တော့ မာန်

ထောင်လွှားနေရင်လဲ လူးမုန်းများသတဲ့ဗျ။ dignity ရှိရဲ့နဲ့ ထားအပ်တဲ့မာန်မရှိရင်လဲ

လူမလေးစားဗျ။လူတွေကြားနေရင်တော့ adapt လို့ခေါ်မလား လူတွေနဲ့

လိုက်ဖက်အောင်တော့နေတတ်ရမယ်လေ။ကျေးဇူးတင်ပါတယ်ခင်ဗျား။

                     ရဲကိုဆွေ

သိပ်ချစ်ခဲ့တယ်..အရမ်းမုန်းသွားပြီ..(တိုက်ဆိုင်မှုရှိပါက ခွင့်လွတ်ပါရန်))

$
0
0
ရင်မှာဖြစ်တည် ဒီအချစ်သည်
မင်းအတွက်သာလျှင် တစ်သက်လုံးအတည်
ဘယ်ခါမခွဲ သံသရာထဲ
လက်တွဲသွားမယ် ထာဝရအမြဲ
ဘယ်ခါမမုန်း သံသရာဆုံး
မင်းတစ်ယောက်သာလျှင်အချစ်ဆုံး
ဘယ်လိုကံကြမ္မာမုန်တိုင်းတွေလာလာ
မင်းရှိရင်မဖြုံစတမ်း ရှေ့ဆက်လှမ်းမှာပါ
မင်းပြောဖူးတဲ့ ဒီစကားတွေ
ငါ့နားထဲမှာ ပြန်ကြားနေ
တစ်ရက်ကလေးဝေးရင်တောင်
ရတက်မအေးဖြစ်ရသူလို့
မင်းခဏခဏပြောတဲ့စကား
အခုဆို ဒို့တတွေ  ဝေးသွားတာ
ရက်လနှစ်တွေ ကြာပြီကွာ
ချစ်သူရေ....................................
တစ်ချိန်ကအတူသွားဖူးတဲ့ ကော်ဖီဆိုင်
အတူထိုင်ဖူးတဲ့ခုံတန်း
အတူကြည့်ဖူးတဲ့ရုပ်ရှင်
ခုချိန်မှာ မင်းမရှိတော့
အရာအားလုံး ငါ့အတွက် No Feeling
အလှပဆုံး စကားတွေသုံးပြီး
ငါ့ကို ဘ၀ဒဏ်ရာတွေ ပေးခဲ့တဲ့မင်းကို
အရမ်းချစ်ခဲ့ဖူးတယ်
ဒါပေမယ့် အလိမ်အညာတွေသုံးပြီး
ဟန်ဆောင်အကြင်နာတွေနဲ့ 
တမင်တကာ လှည့်စားခဲ့တဲ့မင်းကို 
အခုတော့....ငါ့နှလုံးသားထဲမှာ 
 
ခံစားချက်တွေ ဆိတ်သုဉ်း

သိပ်မုန်းသွားပြီ ကောင်မလေးရာ.....................


ကြင်နာသူလေး

$
0
0

ချစ်သူ ချောင်းဆိုးနေရင် ကွမ်းရွက်ပုံ ဝယ်တိုက်မယ်**
ချစ်သူ မောနေရင် အောက်စီဂျင်ဗူး တပ်ပေးမယ်***
ချစ်သူ ပိုလီယို ရောဂါ ဖြစ်နေရင် ဝှီးချဲ တွန်းပေးမယ်**
ချစ်သူ ဒဏ်ရာ ရနေရင် အတွင်းအားနဲ့ ကုပေးမယ်***
ချစ်သူ ပါးစပ်ပျက်နေရင် ဂေါ်ဇီလာ ကြော်ကျွေးမယ်***
အေး!--ချစ်သူ အသစ်ရှာဖို့ ကြံနေရင်တော့ ငါပိုးသတ်ဆေး
ဖျော်တိုက်ပြီး နင့်ကို အသေသတ်ပစ်မယ် သိလား***

ဒီဇင်ဘာမှာဝေတဲ့နှင်း

$
0
0

ညီမရေတောင်ပေါ်နှင်း စက် အပြန်ခက်အောင်
ရင်တွင်းဝင်ရောက် အေမြတဲ့ဆောင်းတစ်ည
အမှတ်တရနေရက်ရာသီ စာဖွဲလို့မမှီနိုင်ခဲဘူး
ရာသီတွေအလီလီပြောင်း မပြောင်းနိုင်တာက
တမ်းတတဲစိတ် လွမ်းရအောင်မင့်ပေးခဲ
ခုတောလည်းဒီစိတ်ကြောင့်အိပ်မရတဲငါ့ရဲ့
အလွမ်းညတွေ ဘယ်သူတွေချော့သိပ်ပေးမှာလည်း
အချိန်ရာသီတွေလည်း ကြာညောင်းခဲပါပြီ
လွမ်းစိတ်တွေလည်း ပိုလို့များလာခဲပြီ
ဆောင်းညရဲအိမ်မက်တွေနိုးထတောမယ်
ဒီချိန်ဆိုညီမနဲအတူပျော်ဖူးတဲတောင်ပေါ်မှာ
ဒီဇင်ဘာနှင်းစက်တွေဝေလို့ အလွမ်းတွေတောင်စာစီလို့အကုန်နိုင်တောဘူးညီမရေ ဘယ်တောမှပြန်ဆုံနိုင်မလည်းညီမရေ
တောင်ပေါ်မှာ ဒီဇင်ဘာနှင်းတွေဝေနေပြီ။

အရိပ်ဆိုးတွေအောက်က လွတ်မြောက်ပြီမေမေ

$
0
0

    ငယ်ရွယ်စဉ်ကလေးဘသထဲက သားတို.ဘ၀က အတက်အကျမညီ ဘ၀အလှမပီလေတော့ (၇)နှစ်သားလောက်နဲ.ပဲ လောကဓံရေယဉ်

ကျောမှာ စုန်ဆန်မျှောခဲ့ရတာပေါ့...... အလုပ်ဟူသမျှဂုဏ်ရှိစွလို. မေမေနဲ.ဖေဖေတို.ရဲ. သြ၀ါဒစကား သားတို.မောင်နှမတစ်တွေလက်ကိုင်

ထားပြီး စာရိတ္တတရားမဏ္ဍိုင်ပြုလို. ရသမျှအလုပ်အကုန်လုပ်ပြီး တစ်ဖက်ကလဲပညာသင် မပျက်ခဲ့ပါဘူးမေမေ...

                       လူမွဲပေမဲ့ ကိုယ်ကျင့်တရားမမွဲစေနဲ. တဲ့

   သားတို.အရွယ်ငယ်သေးပေမဲ့ စာရိတ္တတရားကိုယ်ကျင့်တရားကောင်းတွေပိုင်ဆိုင်နိုင်အောင် မေမေတို.သင်ပေးခဲ့ကြလို.   သားတို.လေ

လူချစ်လူခင်များခဲ့တာလဲမေမေသိခဲ့မှာပါ...ကျေးဇူးပါမေမေ အနန္တကျေးဇူးပါ..သူတစ်ပါးတွေလို ရွှေငွေ ဥစ္စာ ရတနာ လယ်ယာကိုင်းကျွန်း

တွေမေမေတို.အမွေမပေးနိုင်ခဲ့ပေမဲ့လူတစ်ယောက်မှာရှိသင့်တဲ့အမူအကျင့် အပြောအဆို အနေအထိုင် စာရိတ္တဆိုတာတွေကို မေမေတို.

အမွေပေးခဲ့ကြတယ်လေ ....သားတို.ကလဲဘ၀ကိုအလုပ်တွေနဲ.ဖြတ်သန်း မောပန်းတာတောင်မနားနိုင်ခဲ့ဘူးလေ...သားအသက်(၈)နှစ်အ

ရွယ်မှာဆိုရင် သားထက်လေးနှစ်ပဲကြီးတဲ့မမက ကချင်ပြည်မော်ဟန်တောင်ကြီးပေါ်က နမ့်မချီ လို.ခေါ်တဲ့ကျောက်စိမ်းတွင်းမှာ ကျောက်ခဲ

တွေကိုခေါက်ရေစား(ခေါက်စား)ထမ်းပြီးမိသားစုအတွက်ရုန်းကန်ခဲ့တာ မမအသက်(၁၂)နှစ်သမီးပဲရှိသေးတာပေါ့..ကျောင်းပိတ်ချိန်လေး

သူ.ခမျာ မိသားစုဝမ်းစာအတွက်အလုပ်လုပ်ရရှာတာပေါ့..သားတို.ကလဲရွာမှာနေပြီး မီးရထားဘူတာမှာလေ ရေကုသိုလ်ဆိုတဲ့အလုပ်မျိုး

သားလုပ်ခဲ့ဘူးပါတယ်မေမေ...သားမရှက်ပါဘူး...ဖေဖေတောင်မှ မှတ်ပုံတင်ဝန်ထောက်ဟောင်းကြီး အထက်တန်းကျောင်းအုပ်အငြိမ်း

စားကြီးဆိုတဲ့ ဂုဏ်တွေကိုဘေးဖယ်ပြီး မိသားစုတွေအတွက် တောတောင်တစ်ကျောမှာ မှို မျှစ်ချိုးပြီး ရှာကျွေးခဲ့သေးတာပဲ...

   နေအခါမှာပညာရှာ ညအခါမှာဝင်ငွေလေးနည်းနည်းမှတိုးတိုးဆိုပြီး  မြွေမကြောက်ကင်းမကြောက်နဲ. တံငါသည်ဆိုတဲ့အလုပ်မျိုးတောင်

သားလုပ်ခဲ့ရပါသေးတယ်...သားတို.ဘ၀ကလဲခါးသီးလိုက်တာမေမေရာ...ဟူးးးးးးးးးးးးးးးးးနွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင်လေ

သစ်ခုတ်ဝါးခုတ် သူများကြံခင်းမှာကြံအငှားတောင်ခုတ်ခဲ့ရပေမဲ့ စားရတော့ငါးပိဖုတ် ကန်စွန်းရွက်ကိုရေလုံပြုတ်လို. ကြက်မောက်ရွက်

အတို.မြုပ် ကို တကြုတ်ကြုတ်မြည်နေတဲ့ဝမ်းစာဖြည့်ဖို. သုံးလလောက်ဆက်စားခဲ့ဘူးပါတယ်မေမေ...နေတဲ့အိမ်ကလဲကြည့်ပါအုံး....

မိုးရွာရင်စို နေပူရင်ခြောက်တဲ့ အိမ်စုတ် ဟူးးးးးဒါတွေကိုခုလိုရေးပြီးပြောတော့ တစ်ချို.သူတွေကသားကိုမရှက်ဖူးလားလို.မေးကြလိမ့်မယ်

အထင်သေးကြလိမ့်မယ်..လောကလူတွေကလဲဘ၀အမှန်ကိုပြောပြရမှာတော်တော်များများကရှက်တတ်ကြပါတယ်...ဒါပေမဲ့လေသား

မရှက်ပါဘူးမေမေ..သားရဲ.အတိတ်ကဘ၀အမှန်တရားကိုနှလုံးသားနဲ.ပြန်ခံစားပြီး အမှန်တရားကိုပြောပြခွင့်ရလို. သားကျေနပ်ပါတယ်..

ဒီစာကိုသားခံစားမှုမျက်ရည်တွေနဲ. ရေးဖွဲ.နေတာပါ..သားပါးပြင်မှာခုလေ မျက်ရည်တွေစီးနေတယ်မေမေ မျက်ရည်တွေစီးနေတယ်

    သားတို.ဘ၀မှငယ်စဉ်ထဲက အထင်သေးလဲခံခဲံ့ရပြီးပါပြီ  အနိမ်လဲခံခဲ့ရပြီးပါပြီသားမရှက်ပါဘူး....လောကဓံတရားရဲ.နိုပ်စက်မှုအောက်

သားတို.အလူးအလဲရောက်ခဲ့ပြီးပါပြီ...အင်း......တစ်နေ.မှဖေဖေဆုံးပါးသွားတော့ တစ်မိသားစုလုံး မေမေရဲ.မွေးရပ်မြေပြန်ကြတာတောင်

သားမပါဘူးလေ...သူတစ်ပါးအိမ်မှာ ငွေလေး (200)ရဖို.စာရင်းငှားအလုပ်လုပ်ပြီးနေခဲ့တာမေမေမှတ်မိမှာပေါ့.....ဒီလိုနဲ.လပြည့်လို.

မွေးရပ်မြေသားပြန်လာ ဘ၀ခါးခါးတွေကိုကျော်လွားဖို. သာသနာလို.ခေါ်တဲ့မွန်မြတ်တဲ့နေရာမှာ နှစ်များစွာသားပျော်ခဲ့ဖူးပါတယ်မေမေ..

ဒီလိုနှစ်နှစ်တွေပြောင်း ရာသီတွေကြာညောင်းလို. သာသနာ့ဘောင်ကိုစွန်.ခွါ လူ.ကမ္ဘာမှာကျင်လည်မယ်ဆိုပြီး မွေးရပ်မြေမပြန်ပဲနဲ.လေ

မြို.ကြီးမုံရွာမှာလူဝတ်လဲ နေပူကျဲကျဲမှာအလုပ်လုပ် ရသမျှက်ုအရင်းထုတ်ပြီး အရောင်းအ၀ယ်လေးလုပ်ခဲ့တာပေါ့ ရှုံးတစ်ခါမြတ်တစ်ချီ

နဲ.ပေါ့ ....ဒီလိုနဲ.လုံးပါးပါးပြီး ဘ၀အာမခံချက်ရမဲ့အလုပ်လုပ်တော့မယ်ဆိုပြီး သားတတ်ထားတဲ့ဆိုင်ကယ်ပညာနဲ. ကိုယ်ပိုင်ဆိုင်လေး

ဖွင့်မယ်ဆိုပြီး သူတစ်ပါးနိုင်ငံကမမဆီ အကူညီတောင်တော့ငွေလေး(၁၅၀၀၀၀)ပို.လိုက်တယ်လေ...သားမှာကျန်တဲ့ငွေနဲ.ပေါင်းထုတ်

သိန်း(၄)အုပ် ရှိပြီပေါ့....

        ဒီလိုနဲ.ဆိုင်ကယ်ပြင် အပိုပစ္စည်းတွေကိုတတ်နိုင်သမျှတင်လိုက်တော့ သားကံဇာတာကောင်းလာချင်တော့ (၂)လအတွင်းမှာလေ

သားဆိုင်ပေါ်သိန်း(၅၀)ဖိုးလောက်တောင်တင်နိုင်ပြီလေ...နေ.စဉ်အပိုဝင်ငွေက (၃၀၀၀၀)အစုအဆောင်းမရှိပဲနဲ. ငယ်စဉ်ကဆင်းရဲသမျှ

အတိုးချပြီးခုပျော်မယ်ဆိုပြီးသုံကောင်းကောင်းနဲ.သုံးဖြုန်းနေလိုက်တာ ....အဲဒီအချိန်မှာလေ   သားမှာအရမ်းချစ်ရတဲ့ကောင်မလေး

တစ်ယောက်နဲ.တွေ.ပြီး  ငွေကိုထင်သလိုသုံးနားတင်သွေးရောက်ပြီး အချိန်တွေကိုဖြုန်းမိနေပြီပေါ့....ဘီယာသောက်တတ်လာတယ် ပါတီ

တက်တတ်လာတယ် ...ဒီလိုနေတစ်နေ.မှသားချစ်သူကသားကိုလေစွန်.ခွါသွားတော့  အရမ်းခံစားပြီး မသောက်ဖူးတဲ့အရက်တွေသောက်

ဝေဒနာပျောက်အောင်ပေါ့......ခပ်သိမ်းသောတရားတို.သည် သင်္ခါရ လို. ဘုရားရှင်ဟောခဲ့သလိုပါပဲ သားရဲ.ဘ၀အလှည့်အပြောင်းပြန်စ

သားရဲ.ဆိုင်လေးကိုလေ မီးခ(မီးလောင်)လေတော့ရှိတဲ့ပစ္စည်းတွေကုန် ကိုယ်မှာတောင်ဝတ်စရာတစ်စုံထဲ..ဟူးးးး  သားလေရူးမတတ်ပဲ

ရူးမတတ်ပါပဲမေမေ...ဒါပေမဲ့နောင်တမရ စိတ်ညစ်မှုတွေပျောက်ဖို.ဆိုပြီး ရှိတဲ့လက်စွပ်ရောင်းဘီယာဆိုင်မှာပဲအချိန်ကုန် လက်စွပ်ကငွေ

အကုန်ပြောင်တော့ ဆိုင်ကယ်တောင်ရောင်းပြီး အရက်သံသရာထဲမှာလေ စိတ်ညစ်ညစ်နဲ.သားမျှောနေမိတယ်မေမေ....

    သုံးစရာငွေကုန်တော့  စင်္ကာပူကမမကိုလေသားရဲ.အပူတွေပြပြီး အကူညီတောင်းရပြန်တာပေါ့  ဒီတစ်ခါတော့မမကလဲငွေပြတ်နေလို.

ဆိုပြီး ငွေလေး (၅၀၀၀၀)သောင်းပဲလွဲပေးခဲ့တယ်လေ...ဒါကိုတောင်အတိတ်အကြောင်းတစိတ်တစောင်းမှမတွေးပဲ ငွေ(၃၀၀၀၀)ကိုလေ

အရက်ဆိုင်မှာထပ်ဖြုန်းမိတာပေါ့ ငွေလေးနှစ်သောင်းကျန်တော့ မုံရွာမှာဘယ်လိုနေမလဲပေါ့ ဒီလိုနဲ.စိတ်တွေညစ်ပြီး အွန်လိုင်းပေါ်တက်

လိုင်းပေါ်ရောက်တော့မမနဲ.တွေ.ပြီး မမကလေ ငါပို.တဲ့ငွေတွေကို သောက်စားပြီးမဖြုန်းနဲ.တဲ့ ငါ့မှာဒီလပိုက်ဆံမကျန်တော့လို. သူငယ်

ချင်းဆီက ခဏယူပြီးပေးလိုက်တာတဲ့ သားရင်ထဲမှာလေ မိုးကြိုးပစ်လိုက်သလိုပဲ ၀ုန်းခနဲဖြစ်သွားတယ် ငါမှားပြီ အမှားကြီးမှားပြီဆိုပြီး

ဝမ်းနည်းမျက်ရည်တွေကျလာတယ် အသိတရားတွေလဲပြန်ဝင်လာတယ် နောင်တတရားတွေလဲရလာတယ် ငယ်စဉ်ကဘ၀ကိုလဲလေ

ပြန်ပြီးသတိယလာတယ် ငါ့မမကငါ့အတွက် မရှိတဲ့ကြားက သူများဆီအကူညီတောင်းပြီး ငါ့ဆန္ဒတွေဖြည့်ဆည်းပေးနေပါလားဆိုပြီးတော့

သားလေအသိတရားတွေပြန်ရ စိတ်ဓါတ်တွေပါပြန်ပြီးတက်ကြွလာတယ်မေမေ....ဒီလိုနဲ.ရှိတဲ့ငွေလေးနဲ.မန်းလေးသွား သူငယ်ချင်းရဲ.

ဘီယာဆိုင်မှာ အကူမန်နေဂျာသွားလုပ်တယ်လေ အဲဒီမှာလဲမမြဲပါဘူး ဘီယာဆိုင်မှာပဲသားရဲ.ဘ၀ကိုအချိန်ကုန်မခံနိုင်တော့လို.လေ

       ဒီလိုနဲ.(၁၅)ရက်ပြည့်တော့ မွေးရပ်ကမေမေ့အိမ်ပြန်ပြီး ချစ်ညီတော်မောင်ဆီအကူညီတောင်းတော့ ညီမောင်ကလဲ(၂၅၀၀၀၀)ကူ

ညီပေးလိုက်တယ်လေ ဒါလေးကိုအရင်းလုပ် ၀ိရီယထုတ် လုံးလ ဇွဲ လက်ကိုင်ထားပြီး အရောင်းအ၀ယ်ပြန်လုပ်တော့ ခုဆိုရင်လေသား

တစ်ပါတ်(၃)သိန်းလောက်ပြန်ဝင်နေပြီမေမေ သားမမိုက်တော့ပါဘူး သားလေအသိတရားပြန်ရသွားပါပြီ အရက်တွေလဲလုံးဝမသောက်

တော့ပါဘူးမေမေ..သားရဲ.လူငယ်ဘ၀ ပျော်စရာဆိုတဲ့အချိန်တွေကိုလေ သိမ်းဆည်းပြီး မိုက်လုံးကြီးခဲ့တာတွေကိုငွေရှာတဲ့အလုပ်နဲ.

သင်ပုန်းချေ မိသားစုဝတ္တရားကျေအောင်သားကြိုးစားနေပါပြီမေမေ....သားကိုအမြင်မှန် လမ်းမှန်ပေါ်ရောက်အောင်ကူညီထောက်ပံ့ခဲ့တဲ့

ချစ်မမ နီလာမြ( ခေတ္တစင်္ကာပူ )ချစ်ညီလေး ကျော်ဇေယျ   (နောင်ပါတ်ရွှေမှော်-ဗန်မောက်)တို.ကိုလဲကျေးဇူးတော်အနန္တပါလို.ပြောပါ

ရစေတော့......လမိးမှားလိုက်မိလို. မိသားစုဝတ္တရားစောစောကျေအောင်မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် သားကိုလေ ဒီတစ်ကြိမ်လေးခွင့်

လွတ်ပေးပါနော်...လူမှန်ရင်အမှားနဲ.မကင်းနိုင်လို. သားလေမှားခဲ့ပြီးပါပြီ မှားခဲ့မိလို.လဲတစ်ဘလုံးအတွက်     ဘ၀သင်ခန်းစာတွေသား

ရလိုက်ပါပြီမေမေ....အရင်ကငွေတွေဖြုန်းတာတွေကိုသင်ပုန်းချေဖို.ခုဆိုသား ဘဏ်တစ်ခုမှာငွေတွေစုနေပါပြီ....သားကိုတစ်ကြီမ်လေး

ခွင်.လွတ်ပေးပါနော်.....သားရတဲ့ငွေလေးနဲ.ခုဆိုရင် မေမေအရမ်းကြိုက်ခဲ့ မြတ်နိုးခဲ့တဲ့ ပီအောနားတောင်း(နားကပ်)လေးတစ်ရံဝယ်ပြီး

သားကန်တော့ခဲ့ပါတယ်မေမေ သားမှာဝမ်းသာတဲ့မျက်ရည်တွေပီတိမျက်ရည်တွေ သားပါးမှာကျနေတာမေမေသိမှာပါ

       ခုဆိုရင်လမိးမှားတွေ စရိုက်မှားတွေကိုစွန်.ခွါပြီး လမ်းမှန်ကို သားလျောက်လှမ်းပြီး လူ.ဘ၀ရဲ.အောင်မြင်မှုပန်းတိုင်ဆီအရောက်

လှမ်းနေပါပြီမေမေခုဆိုအရင်က မိုက်မဲမှုအရိပ်ဆိုးတွေ စရိုက်ဆိုးတွေအောက်က သား ရုန်းထွက်နိုင်ခဲ့ပါပြီမေမေရယ်ကျေနပ်ပါတော့နော်

အရိပ်ဆိုးတွေအောက်က သားလေ လွတ်မြောက်လာခဲ့ပါပြီ လွတ်မြေက်လာခဲ့ပါပြီမေမေ ပျော်ရွှင်နွေးထွေးတဲ့ မိသားစု မေမေရယ် မမနဲ.

ညီလေး သားရောပေါင်းလို.ပျော်ရွှင်နွေးထွေးသာယာကြည်နူးဖွယ်ရာကောင်းတဲ. အပြုံးတရားဝေဆာနေတဲ့မိသားစုကမ္ဘာဖြစ်ဖို.သား

ကြိုးစားနေပါပြီ ....တစ်ကြိမ်သောဘ၀အမှားကို ထာဝရသတိတရားနဲ.ထိန်းချုပ်ပြီးခုချိန်ကစလို. မေမေ့သား အရိမ်ဆိုးတွေအမိုက်ဆိုး

စရိုက်ဆဆိုးတွေအောက်ကသားလေးလွတ်မြောက်လာပါပြီလို.   အနန္တ၈ိုဏ်းဝင်ကျေးဇူးရှင်မေမေ့ကို ရိုသေဦးခိုက်လျက်

                        မေမေချစ်တဲ့သားကြီး    ချစ်မိတ်ဆွေ        ခေါ်  ထူးအံ့ကျော် (ခ) ထူးထူွး

မှတ်ချက်။     ။ဤပိုစ့်သည် ကျွန်တော်ချစ်မိတ်ဆွေ၏ ဘ၀ဇတ်လမ်းအမှန် ဖြစ်ပြီး ချစ်သူငယ်ချင်းများလဲ ချစ်မိတ်ဆွေလို လမ်းမှားကို

                 မလိုက်မိစေရန်  ဘ၀အမှန်တရားကို နှလုံးသားနဲ.ခံစား တည်ကြည်သောလက်နဲ.စာစီ ဖြူစင်သောစေတနာဖြင့်တင်ပြပါ

                 သည်။ချစ်သူငယ်ချင်းများအားလုံး မိသားစုဝတ္တရား ကျေပွန်အောင်ဖြည့်ဆည်းပေးနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်

စာချစ်သူတို.အတွက်.........ချစ်မိတ်ဆွေ(မုံရွာ)

 

ပါလေရာ ငါးပိချက် (သို့) ထမင်းချက် ဟင်းချက်

$
0
0

''ပါလေရာ ငါးပိချက် (သို့) ထမင်းချက် ဟင်းချက်''

ကလေးဘ၀ကိုအပီအပြင် ဖြတ်သန်းလာခဲ့ကြသူတိုင်းကတော့ 

ဒီနာမည်လေးကို ကောင်းကောင်းသိကြမှာပါ

ငယ်ငယ်က ကစားရင် အဖွဲ့ထဲမှာ သူမရှိလည်းဖြစ်တယ် ရှိလည်း အရေးမပါဘူး

(ဥပမာ - လိုက်တဲ့လူက မိသွားရင်လည်း အဲ့ဒီလူက မသေဘူး ၊ ခွေးရူးမဖြစ်ဘူးပေါ့ ၊

သူ ရှင်နေလို့လည်း ကျန်တဲ့လူတွေအတွက် ဘာမှအရာမရောက်ဘူး)

အဲ့ဒီလိုလူမျိုးကို အဖွဲ့ထဲမှာ ''ပါလေရာ ငါးပိချက်'' ဒါမှမဟုတ် ''ထမင်းချက်ဟင်းချက်'' လို့ခေါ်ကြတယ်။

suboo ဆီမှာ အသက်သုံးနှစ်ကွာတဲ့ အစ်မတစ်ယောက်ရှိတယ်။

ညီအစ်မနှစ်ယောက်တည်းရှိတာဆိုတော့ မကြီးတို့ဆော့တဲ့အခါ suboo လည်း

သူတို့နဲ့အတူတူ လိုက်ဆော့တာပေါ့။ ဒါပေမယ့် အရွယ်ချင်းမမျှတော့ suboo ပဲအမြဲခွေးရူးဖြစ်ရတယ်။

(ခွေးရူးဆိုတာ မိသွားတဲ့အခါ ပြန်လိုက်ရတဲ့လူကိုပြောတာပါ)

ဂျင်ပေါက်ရင်လည်း စည်းဝိုင်းထဲက ဘယ်တော့မှမထွက်ရတဲ့

တစ်ခုတည်းသော ဂျင်လေးက suboo ရဲ့ဂျင်လေးပါပဲ။

လူအများနဲ့ဆော့တဲ့အခါ အမြဲမိတာလည်း suboo ပါပဲ။

ကိုယ့်ကိုမိလို့ပြန်လိုက်တဲ့အခါ ဘယ်တော့မှမမိတတ်တာလည်း suboo ပါပဲ

ဒီတော့ မကြီးက suboo လိုက်ရတဲ့အခါမျိုးဆိုရင် သူက လိုက်ပေးတယ်။

စည်းဝိုင်းထဲမှာ suboo ဂျင်လေးအစား သူ့ဂျင်လေးက အစားထိုးနေရာယူလာပေးတယ်။

နောက်တော့ သူအကြံရသွားတယ်ထင်ပါ့ ၊ ကစားတဲ့နား suboo ရောက်လာပြီဆိုရင်

မကြီးက ''ညီမလေး နင် ပါလေရာ ငါးပိချက်'' လုပ်တဲ့၊ အစပိုင်းတော့ ဘယ်သိမလဲ '' အင်းပေါ့ '' ၊

ဆော့ချင်တာတစ်ခုပဲသိတယ်လေ။ နောက် ကြာလာတော့ ကိုယ့်ကိုမိလည်း မလိုက်ရဘူး ၊

ကိုယ်ကကယ်လည်း အရာမရောက်ဘူး ဆိုတာကို သိလာခဲ့တယ် ။

မိသွားတဲ့အခါ မလိုက်ရပေမယ့် ကျန်တဲ့နေရာမှာ ကိုယ်က ဘာမှအသုံးမ၀င်ဘူးဆိုတာကို

သိလာရချိန်မှာ မကြီးကို စောဒကတက်ခဲ့တယ် ။

'' မကြီး . . ညီမလေး ပါလေရာ ငါးပိချက် မလုပ်ချင်ဘူး ''

မကြီးကလည်း ပြန်ပြောတယ် '' မလုပ်ချင်ရင် မပါနဲ့ ၊ နင့်အစား ငါမလိုက်ပေးနိုင်ဘူး '' တဲ့။

အဲ့ဒီလိုနဲ့ပဲ '' ပါလေရာ ငါးပိချက် ''ဆိုတဲ့ နာမည်ကို မုန်းလာခဲ့တယ် ။

suboo တင်မကပါဘူး ၊ ကလေးဘ၀က '' ပါလေရာ ငါးပိချက် '' ဖြစ်ခဲ့ရသူတိုင်း ဒီနာမည်ကို မုန်းကြမှာပါ။

တစ်ခုပြောပြချင်တာက suboo စိတ်က ကိုယ့်ကိုဖြစ်ဖြစ် သူများကိုဖြစ်ဖြစ် မဟုတ်တာတစ်ခုခုလုပ်တာတို့

ကျောတာတို့လုပ်ရင် ငြိမ်ခံမနေတတ်ဘူး ကိုယ့်အထက်အရာရှိပဲဖြစ်နေပါစေ

ပြန်မလုပ်ရတောင် တစ်ခုခုတော့ ပြောပစ်လိုက်ရမှ ကျေနပ်တဲ့လူစားမျိုးပါ။

အရွယ်ရောက်လို့ လုပ်ငန်းခွင်ရောက်တော့ အမြင်မတော်တာတွေမြင်ရကြားရရင်  ပြန်ပြောမိတယ်

ပြန်ပြောတဲ့အခါ လက်ခံပေးရင် ဒါမှမဟုတ် လက်မခံလည်း အကျိုးသင့်အကြောင်းသင့်

ပြန်ရှင်းပြပေးရင် တော်သေးရဲ့ ၊ ဘာမှမပြောဘဲ ကိုယ်ပြောတာကိုလည်း လက်မခံဘဲ

သူတို့လုပ်ချင်ရာလုပ်ပစ်တဲ့အခါမျိုးဆိုရင် ဒေါသထွက်ပေါက်ကွဲပစ်မိတယ်

ခုနောက်ပိုင်းတော့ suboo ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်မိတယ်

ငါ '' ပါလေရာငါးပိချက် ''များဖြစ်နေပြီလား ၊ ဒီနာမည်တော့ ငါပြန်မလိုချင်တော့ဘူး

ဒီတော့ ငါဘာလုပ်သင့်လဲ ၊ စဉ်းစားတယ်

နောက်ဆုံးတော့ အကောင်းဆုံးအကြံတစ်ခုရလာတယ်

အဲ့ဒါကတော့

'' ပါလေရာ ငါးပိချက်  ''မဖြစ်ချင်ရင်

Neglect လုပ်တတ်အောင် ကျင့်မှဖြစ်တော့မယ်ဆိုတာပဲ

ဒါကတော့ subootalk's law ဖြစ်မယ်ထင်ပါရဲ့ . . . . . .

P.S  :  သူငယ်ချင်းတို့လည်း '' ပါလေရာ ငါးပိချက် '' မဖြစ်ချင်ရင် subootalk's law ကို လိုက်နာဖို့ လိုအပ်လိမ့် မယ်နော်


ပုံပြင်နံပါတ်(၅၀)

$
0
0

ကျွန်ူပ်နှင့် စိမ်ခြင်း

ကောင်မလေးမှာ ကောင်လေးတစ်ယောက်ရှိတယ်. . .သူကကြောင်ပေါက်စလေးနဲ့တူတယ်. . .

ကောင်မလေးက ကြောင်ကိုသိပ်ချစ်တာ. . .ကြောင်လေးတွေကလည်းကောင်မလေးကို သိပ်သ၀န်တိုတာ. . .

အဲ. . .ကောင်မလေးက တစ်ခါတစ်လေကြောင်လေးတွေနဲ့စကားပြောတက်တယ်တဲ့. . .

နင်ငါ့ဆီလာရင် နင့်ကိုကြောင်နန်းတော်ကြီးဆောက်ပေးမယ် တဲ့. . .သူကအဲလိုပြောဖူးတယ်. . .

တစ်နေ့လူရှင်းတုန်း ကောင်မလေးက အိမ်ပေါက်ဝမှာကြောင်လေးကိုခေါ်ဖို့ကြိုးစားတယ်. . .

ရွှေဝါမကလည်း သူ့ကိုချီချင်တာ သဲသဲလှုပ်နေမှန်းသိတော့ ဈေးကိုင်ပြီးပါတ်ပြေးတယ်. . .

ဒါနဲ့ပဲ ရွှေဝါကို ကောင်မလေးက ကြောင်လို . . .ညောင်. . .လို့အော်ပြလိုက်တော့ ရွှေဝါမက အမြီးလေးနန့်ပြီးကောင်မလေးကို ပြောသွားတယ်. . .

နင်ကအပျိုလား. . .ငါကတော့အိုနေပြီဟယ် သားတောင်ပေါက်ပြီးပြီတဲ့. . .

တစ်နေ့တော့ ပုံပြင်ထဲက ကောင်မလေးက သူသဘောကျတဲ့ကောင်လေးနဲ့ တွေ့ဖို့ကြိုးစားချိန်မှာ ကိုရွှေကြောင်ကရောက်လာတယ်. . .

နင်သူ့ကိုငါ့ထက်ပိုချစ်လားတဲ့လေ. . .

ကောင်မလေးလည်း . . .ဟင့်အင်း ငါကနင်တို့ကိုပိုပါတယ်ဆိုပြီးကောက်ချီလိုက်တော့မှ ရွှေကြောင်လေးဟာ အိုတူးကို အမြှီးလေးနန်းပြီး ထွက်သွားတယ်. . .

တစ်နေ့တော့ ကိုရီးယားမင်းသား ချောချောလေးနဲ့ (အာသောကသားနီးနီးချောတယ်) တွေ့ကြတယ်. . .၀တ္တရားအရ ပုံပြင်ထဲကကောင်မလေးဟာ ထွက်လာလိုက်တော့ ကြောင်ကလေးကမေးပြန်တယ်. . .

နင်သူ့ကိုငါ့ထက်ပိုချစ်လားတဲ့လေ. . .

ကောင်မလေးလည်း သူ့ကိုကောက်ပွေ့လိုက်ရင်းပြောတယ် . . .

ငါ့ဘ၀မှာ နင်တို့ရှိရင် သူ့ကိုမလိုပါဘူးလို့. . .

အဲတော့ ကြောင်ကလေးက . . .ဟဲ. . .ဟဲ. . .ဟဲ တဲ့. . .

တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ မိန်းကလေးတစ်ယောက်ရှိတယ်တဲ့ တစ်ညတော့ သူမအိပ်နေတုန်း လူတစ်ယောက်ကမေးတယ်. . .

ဟေ့ ကောင်မလေး . . .မင်းပြောတာ စိမ်တယ်ဆိုလားတဲ့လေ. . .

ကောင်မလေးကလည်း . . .အင်း လို့ပြောလိုက်တယ်. . .

အဖြစ်အပျက်က ဒီလိုပါကွယ်. . .

သူမမှာထူးဆန်းတဲ့ကံကြမ္မာတစ်မျိုးရှိတယ်. . .

အဆိပ်အပြင်းဆုံးဆိုတဲ့ မြွေတွေရဲ့ ဘာသာစကားကို နားလည်တက်မြောက်တာပဲ. . .

သူမနေတဲ့ပါတ်ဝန်းကျင်မှာ မြွေတစ်ကောင်ကို၇ိုက်မိရင်. . .အဲဒီမြွေနာကျင်သွားတာနဲ့အမျှ သူမမျက်လုံးတွေလည်း မီးဝင်းဝင်းတောက်လာတက်တယ်တဲ့. . .

သူမရဲ့အိမ်အပေါ် ကုတင်ဘေးမှာ ဖားလေးတစ်ကောင်နေပြီး အိမ်အောက်မှာ မြွေမကြီးနဲ့ မြွေသားပေါက်လေးတွေနေတယ်. . .ဘာလို့လည်းဆိုတော့ အဲဒီကောင်မလေးဟာ ပါနာတိပါတကံလုံတဲ့သူမို့ပဲ. . .သူမဘ၀မှာအကြီးမားဆုံးအကုသိုလ်ဟာ ခရုတစ်ကောင်ကို ဆားနဲ့ပက်ကြည့်ပြီး(အရေပျော်တာကို ဘာကြောင့်လည်းဆိုတာ စူးစမ်းမှုပဲ). . .

PS: အိမ်မြောင်လေးပြောတဲ့ ကြမ်းပိုးက သူမခေါင်းအုံးကဟာကို သူများယူသတ်သွားတာပါ။

အဲတော့ အဲဒီကောင်မလေးက မြွေနဲ့ ပါတ်သတ်လာရင် အရမ်းကို လုံးဝအမှားမခံတဲ့သူပေါ့. . .

ကမ္ဘာကျော်မြွေများက သူမဆီကိုအမြဲစာရင်းတင်တယ်(ယုံချင်ယုံမယုံချင်နေပေါ့)

မြွေခေါင်းနဲ့လူကိုယ်ဖြစ်တဲ့မြွေဘုရင်မအပါအ၀င်ပေါ့( အထက်တွေကတော့ အဲဒါကိုငရဲဘုံသားလို့ခေါ်တယ်တဲ့). . .

သူမက (၈)တန်းဖတ်စာအုပ်ထဲက မြွေပုံလေးတွေကိုသဘောကျပြီး မြွေပုံဆွဲခဏခဏကျင့်တယ်. . .

အဲ. . .သူမမေမေက မြွေဆို စက္ကူစာရွတ် တွန့်နေတာတောင် ကြောက်တယ်. . .ကျိုက္ကထီးရိုးဘုရားက ၀ါး၇ုပ်နဲ့တို့တာတောင် သတိလစ်တယ်ဆိုပဲ. . .

ဒီတော့ ကောင်မလေးဟာ သူမရဲ့ ၀ါသနာအရ မြွေပုံတွေတစ်ပုံပြီးတစ်ပုံဆွဲတယ်. . .

ဆွဲပြီးတိုင်း ရေတိုင်ကီထဲကို စက္ကူတွေကိုနှစ်လေ့ရှိတယ်. . .ဘာလို့လည်းဆိုတော့ အဲဒီစာရွက်တွေကို မဖြဲရက်တဲ့အတွက် နူးပြီဆိုတော့မှ အပေါ်ကမှင်ကိုဖွဖွလေးဖျက်ပေးလေ့ရှိတယ်. . .

သူမကအဲဒီနေ့မနက်မှာ စက္ကူစာရွက်တွေကို ရေစိမ်မိတော့ ညရောက်တော့ စိတ်ကစွဲပြီး. . .

ဟိုဘက်လှည့်အိပ်လည်း မလွှတ်၊ဒီဘက်လှည့်အိပ်လည်းမလွှတ်တဲ့ ကိုအိုဘီကိုပြောမိတာက . . .စိမ်တယ်တဲ့. . .သူသာမှောက်နေတာအလွတ်ပေးရင် ကောင်မလေးလည်း အရွဲ့တိုက်ပြီး စိမ်တယ်လို့ပြောမိမှာမဟုတ်ဘူး. . .

အဲတော့ လွှတ်ပေးနိုင်အောင်ကြိုးစား. . .

တကယ်တော့ စက္ကူစာရွက်ရေစိမ်တာပါ ကောင်လေးရယ်….

အဲကြောင်တွေနန်းတော်ပြည့်မွေးပေးမယ်ဆိုတဲ့ သူကတော့ ကောင်မလေးကို ကမ္ဘာရှိမြွေများစာရင်းဆိုပြီး ၀က်ဆိုဒ်တင်ပေးလိုက်တော့. . .

ကောင်မလေးကပြောတယ်. . .ငါလည်းနင်တို့အတွက် ဒ၇က်ကူလာရဲတိုက်ကြီးဆောက်ပေးဦးမယ်လို (ကောင်မလေးနဲ့သူတို့တွေဟာအရင်တည်းကရေစက်နီးလွန်းလို့ အဲလိုခဏခဏစကားနိုင်လုလေ့ရှိတယ်တဲ့)။

ဘယ်လိုနေနေကိုမလွတ်ဘူး. . .ကိုယ့်အိမ်ကိုယ်နေပြီးတော့ ဆိုတော့. . .အဲတစ်နေ့တော့ ကောင်မလေးကို ကြောင်ထီးကြီးက အထူးခုံရုံးမှာလျှော်ကြေးတောင်းတယ်. . .နင်ငါတို့ကိုလျှော်ကြေးပေးရမယ်တဲ့. . .အဲတော့ ကောင်မလေးခမျာ စက္ကူလေးရေစိမ်မိတာနဲ့ . ကြောင်ထီးကိုအလျှော်ပေးရမယ်ဆိုတော့ . . .ကြောင်မလေးက ကောင်မလေးကိုပြောတယ် ငါကနင့်ထက်ရာထူးကြီးတယ်ဆိုပဲ. . .ကဲ . . .

(သမီးချစ်ချစ်ကို ခမည်းတော်ဘုရားသိတာနဲ့တစ်ပြိုင်နက် လူထွက်ခိုင်းမယ်လို့တော့ ဧကရာဇ်မင်းကြီးက ကတိပေးထားခဲ့လေတော့ ကားးးးးးးးးးးးးးးးးးးးးးးးး)

စန္ဒာနဲ့ သန္ဒာကားထဲကလို ………………..ငယ်နာမည်စန္ဒာဆိုတဲ့ကောင်မလေးက. . .

ပြောတော့ဘူး. . .ပြောတော့ဘူး. . .ပြောကိုပြောချင်တော့ဘူး. . .

အလျှော်ပေးဖို့ဝင်ဘာစလေနယ်စားကြီးရဲ့ ကြောင်ဖြူမလေးရရင်ကောင်းမှာနော့်………………………………….

အဲ. . .ကလေးတို့ရေ. . .တစ်ခါတုန်းက ကောင်မလေးဟာ လောကရဲ့မဖြစ်နိုင်ဆုံးကို ရအောင်လုပ်ကြေးဆိုပြီး သူငယ်ချင်းတွေနဲ့လောင်းခဲ့ကြတယ်. . .ကောင်မလေးက နယ်စားကြီးကိုပြောတယ်. . ငါကမ္ဘာကျော်ရင် နင်ဘာပေးမလဲတဲ့. . .

တစ်နေ့တော့ ကောင်မလေးတို့တွေမဖြစ်နိုင်တာတောင်းကြေးဆိုပြီးပြိုင်ကြတယ်. . .ကောင်မလေးက ဘုရားရုပ်တုကြီးရှေ့သွားပြီး သမီးကို ရှင်တော်ဘုရားရဲ့လေးသင်္ချေကမ္ဘာတစ်သိန်းပါရမီတော်ကြီးအလကားချီးမြှင့်ပါလို့တောင်းတော့. . .အလောင်းတော်နေနတ်သားက သူလူဖြစ်ရင်လာတောင်းပါလို့ပြောလွှတ်လိုက်တော့ . . .အဲ ရှုံးတာပေါ့ကွယ်. . .

လွန်ခဲ့တဲ့(၃)ရက်လောက်က ညနက်နက်မှာတော့ ကောင်မလေးက သူမရဲ့ပါရမီဖြည့်ဖက်ဆိုတဲ့ ပါရမီကြီးကို ရေစက်ချပြီးလှူလိုက်တယ်ကွယ်. . .ကြောင်မလေးနဲ့ရန်ပြိုင်မဖြစ်ချင်တာနဲ့ပဲ. . .

ပုံပြင်လေးကတော့ဒါပါပဲကွယ်. . .

(အားနာလို့ဓါတ်ပုံထည့်ပေးလိုက်ပါတယ်. . .ကောင်းကောင်းစစ်ကြည့်နော်. . . ပုံပြင်နဲ့လူနဲ့)

                                                                                                                              တိမ်တိုက်(TU)

မီးချစ်ဆံတဆံပျောက်ဆုံးခြင်း

$
0
0

          

                                      နိုင်ငံတခုတိုးတက်ဖို့ရာ ထိုနိုင်ငံသားတို့၏ စီးကမ်း ဥပဒေ စာရိတ္တ အတွေးအခေါ်ပညာ ဇွဲ လုံးလ ဝီရိယ

အလုပ်အကိုင်ပေါ်မှာတည်ပါသည်။ဘိုးဖွါးအမွေအနှစ်ကို ပေါင်နှံရောင်းချစားရန်မဟုတ်ပေကြီးပွါးတိုးတက်အောင်သာ ကိုယ်စွမ်းရှိသမျှ

ဥာဏ်စွမ်းရှိသမျှလုပ်ကိုင်ဆောင်ရွက်ဖို့သာလိုပေသည်။

စနစ်တွေ မူတွေ ဘယ်လိုပင် ကောင်းကောင်း လူများမကောင်းကြလျှင်(အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံသူ) (ထိုနိုင်ငံသားတို့၏ စီးကမ်း ဥပဒေ

စာရိတ္တ အတွေးအခေါ်ပညာ ဇွဲ လုံးလ ဝီရိယ အလုပ်အကိုင်)မကောင်းကြလျှင် ထိုနိုင်ငံသည်ဘယ်လိုမှမတိုးတက်နိုင်ပါ။ကြာလာလျှင်

ရာသီဥတုဖေါက်ပြန်ခြင်း အကျင့်စာရိတ္တဖေါက်ပြန်ခြင်းတို့ကြောင့်လူမျိုးနှင့်ဘာသာပင်ပျောက်ပျက်ပြီး ဂေါ်စီလာနှင့်ဒိုင်နိုစောတို့လို့

မြန်မာဆိုသောလူမျိုးသည် မျိုးတုန်းသတ္တဝါကဲသို့ရောက်သွားမည်ဟုထင်ကောင်းစရာရှိသည် အဘယ်ကြောင့်ဆိုသော် မြန်မာများ

မကြီးပွါးခြင်းအကြောင်း(၁၁)ချက်ကိုမေတ္တာရှင်(ရွှေပြည်သာ)အရှင်ဇဝန၏ မေတ္တာဖြင့်စီးပွါးရှာခြင်းတရားတော်

နှင့်စာအုပ်ထဲမှာ မီမောင်းထိုးပြခဲ့သည် အဲဒါကိုပင် တဆင့် ဖေါက်သည်ချရေးလိုက်မိတော့သည်။

၁။လောကကောင်းကျိုး အများကောင်းကျိုးကိုလှစ်လှုရှုပြီး ငါကောင်းစားရေးအတွက်  မလိုအပ်တဲ့နေရာတွင်လှူခြင်း။

၂။စီးပွါးရှာရာတွင်သမ္ပဒါလေးပါးမပြည့်စုံခြင်း။

၃။ဘာသာရေးအပေါ်၌ထားသော မေတ္တာစေတနာမျိုး စီးပွါးရေးအပေါ်၌မထားခြင်း။

၎။မိမိကိုယ်ကို မိမိ မထိမ်းသိမ်းမဆောင့်ရှောက်နိုင်ခြင်း

၅။ပျင်းရိခြင်းကို ရောင်ရဲခြင်းဟုအထင်မှားခြင်း

၆။အချိန်ဟူသမျှထဲက ကုသိုလ် ပညာ ဥစ္စာ တခုခုကို  ရအောင်မယူတတ်ခြင်း။

၇။နိုင်ငံတကာ ဗဟုသုတနည်းခြင်း

၈။စာပေဗဟုသုတနည်းခြင်း

၉။ကိုယ်ထက်သာလျှင်မနာလိုခြင်း

၁၀။ခေါင်ဆောင်စိတ်နည်းခြင်း

၁၁။မိမိကိုယ်ကို မိမိ အားကိုးလိုစိတ်နည်းခြင်း

 

ဂျပန် ကိုရီးယား စင်္ကာပူ နိုင်ငံကြီးများတွင် ထိုနိုင်ငံသားတို့ စီးကမ်း ဥပဒေ စာရိတ္တ အတွေးအခေါ်ပညာ ဇွဲ လုံးလ အလုပ်အကိုင်များ

ကောင်းကြပါသည်။အထူသဖြင့်စင်္ကာပူနိုင်ငံသည်ကမ္ဘာ့ပညာရှင်များစုဝေးရာနိုင်ငံတနိုင်ငံဖြစ်သည် မြေပေါ်မြေအောက်သံယံဇာတ

ဘာတခုမှထွက်သည့်နိုင်ငံမဟုတ်ချေ သို့သော် သူတို့တတွေ ပညာကိုတန်ဘိုးထားတတ်ကြသည်။

စာရေးသူကိုယ်တိုင် သူတို့နှင့်(၁၆)နှစ်လုံးလုံးစင်္ကာပူနိုင်ငံတွင် အတူတကွလုပ်ကိုင်ခဲ့သောကြောင့်ဖြစ်သည် ကြွားဝါခြင်းအလျှင်းမရှိပါ

ရိုးသားစွာတင်ပြခြင်းပင်ဖြစ်သည်။

ရိုးရိုးအောက်ခြေသိမ်းလုပ်သားဘဝမှ လက်ရှိ(တက်ကနေရှင်)ရာထူးတိုင်အောင်ကြိုးစားခဲ့ရသည်။မသိလျှင်မေးပါ မေးပြီးမှတ်ပါ

မာနမထားပါနှင့်လူလူချင်းရိုင်းပင်ကူညီပါ ယနေ့ခက်သောအလုပ်များသည်နောက်နေ့လွယ်ကူသွားကြတော့သည်။ယနေ့မြန်မာပြည်မှ

လာရောက်လုပ်ကိုင်ကြသော လူငယ်ကောင်လေးများ လူငယ်ကောင်မလေးများကို ကျွန်တော် အားမလို အားမရဖြစ်မိသည်

အားလုံးကိုတော့ မဆိုလိုပါတချို့တချို့ကိုဆိုလိုပါသည် (ပျင်း ပျော် ပျက် ပြန် စင်္ကာပူရန်)တဲ့ အဲဒါဆောင်ပုဒ်လေးပါ ပထမရောက်စက

တော်တော်ပျင်းစရာကောင်းသည်သူ့စကားကိုယ်မသိကိုယ်စကားသူမသိစားရတော့လည်းဘာစားစားပေါ့ပျက်ပျက်ဘယ်လိုမှမြန်မာပါး

စပ်နှင့်ခံတွင်းမတွေ့ မြန်မာပြည်လို လပ်ယားလပ်ယား ကိုးကြင်းကိုးကြင်းသွားဖို့လည်းနေရာမသိ ကိုယ့်အိမ်ကိုယ့်ယာလွမ်းသည်တမျိုး

ချစ်သူကြင်ရာလွမ်းလေသည်ကတမျိုးရိုးရာပွဲတွေလည်းမနွဲရ ဘယ်လောက်အထိအခြေအနေဆိုးသလဲဆိုလျှင် 

ဒီနေရာလေးက မြန်မာပြည်ကဘယ်နေရာလေးနှင့်တူသည် စသဖြင့်ပေါ့ လွမ်းနေရတတ်ပါသည်။

တနှစ်လောက်ရှိတော့ပျော်လာပါပြီး အရက်ကြိုက်တဲ့ကောင်က အရက်နဲ့ပျော် မိန်းမကြိုက်တဲ့ကောင်က မိန်မနဲ့ပျော်

အလောင်းအစားကြိုက်သူကလည်းအလောင်းအစားနဲ့ပျော် ငါးကြိုက်သူလည်းငါးနဲ့ပျော် ဖါးကြိုက်

သူလည်းဖါးနဲ့ပျော် အလကားတော့ ဘယ်ဟာမှမရ ရှာထားတာလေးတွေ ကုန်ကြလေတော့သည်

ဘယ်လောက်အထိပျော်ကြသလဲဆိလျှင် အလုပ်ကိုထိခိုက်အောင်ပျော်လာကြတော့သည် သူဌေးဆိုတဲ့သူကလည်း

ထိုသကောင့်သားကို အပျက်စာရင်းသွင်းပြီး သတိပေးပါတော့သည် တကြိမ် နှစ်ကြိမ် သုံးကြိမ်မှ ပြောမရတဲ့ အဆုံး ချန်ဂီလေဆိပ်မှ

လာလမ်းအတိုင်းမြန်မာပြည်သို့နှင်လေတော့သည်နောက်တမျိုးကစင်္ကာပူမှရန်မဖြစ်ပါနှင့်ရန်ဖြစ်လျှင်တော့ဘယ်သူမှားတာမှန်တာ

နောက်ထားအလုပ်ကသိသွားခဲ့လျှင်ချက်ခြင်းကိုပြန်ပို့တော့သည်အနှစ်ချုပ်လိုက်တော့ရည်ရွယ်ချက်ပျောက်ခြင်းခေါင်းစဉ်ပျောက်ဆုံး

ခြင်းဖြစ်သည်။

တချိုလည်းပြန်လိုက်လာလိုက်နှင့်အလုပ်ရှာပေးသည့်အေဂျင့်တွေကိုလုပ်ကျွေးကြလေတော့သည်ဥစ္စာရှာတာဥစ္စာမရပဲဒုက္ခကိုသာရ

သွားကြပါတော့သည်အိမ်ပေါင်ခြံပေါင်လာပြီးလာကြ၍မရွေးနိုင်တော့ဆုံးတော့သည်အားကိုးသူမိဘများမှာအိုးကြီးအိုမရောက်မှ

ဒုက္ခလှလှတွေ့ကြရတော့သည်။

ကျွန်ုပ်ပြောချင်ပါသည် အို….ဒုက္ခရှာချင်သူတို့ရယ် ကိုယ်ရထားတဲ့မြန်မာ့လူဘဝဆိုတဲ့

ဒုက္ခနှင့်ပင်လုံလောက်ပါသည် အပိုဒုက္ခတွေကိုနိုင်ငံခြားထွက်ပြီးမရှာကြပါနှင့်လို့တိုက်တွန်းလိုက်ပါသည်။

လွန်တာတွေလည်းလွန်ပါစေတော့ နောက်အလားတူမမှားအောင် သတိဆောင်စေချင်သည်က စာရေးသူ၏စေတနာသာဖြစ်ပါသည်

ဝေဖန်ပုတ်ခတ်ခြင်းစေတနာဆိုးမရှိပါ။

တိုးတက်ချင်သူသည် စာဖတ်ပါ သူတော်ကောင်းတရားများများနာပါလို့အကြံပြုချင်ပါသည်။

ဗုဒ္ဓဘာသာလူငယ်တို့သည်ဗုဒ္ဓမြတ်စွာဘုရားကနိဗ္ဗာန်ရောက်ကြောင်းတရားကိုသာဟောသည့်ဘုရားဟုထင်ကောင်းထင်ကြလိမ့်မည်

ဤသို့ထင်ကသင်တို့တတွေမှားပေစွ ပစ္စုပန်ကြီးပွါးချမ်းသာကြောင်းသမဒါတရား  (၄)ပါးကိုလွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)

ကျော်ကဗုဒ ဟောတော်မူခဲ့လေသည်  သင်တို့လေ့လာကြပေကုန်လော့။

ပစ္စုပန်ကြီးပွါးချမ်းသာကြောင်းသမဒါတရား (၄)ပါး                        

၁။ဥဌာနသမဒါ=(ထကြွလုံးလ ဝီရိယဖြင့် စီးပွါးရှာခြင်း)

၂။ အာရက္ခသမဒါ=(ဥစ္စာပစ္စည်းကိုထိန်းသိမ်းခြင်း)

၃။ကလျာဏမိတ္တသမဒါ =(မိတ်ဆွေကောင်းရှိရခြင်း)

၎။သမဇီဝိတသမဒါ=(အဝင်အထွက်မျှတအောင် သုံးခြင်း)

ကျွန်တော်တို့မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာထွန်းလင်းသောနိုင်ငံတွင်လူဖြစ်ရသည်အလျှောက်သစ္စာတရားကို နားလည်စေရန်

အခွင့်ထူခံဥာဏ်ပညာနှင့်ပြည်စုံခြင်းပါရမီထူးပါလာသည်ဟုထင်မိသည်

သိလွယ်သည် တတ်လွယ်သည် ဒါပေသည့်မကြိုးစားကြပါမူဘာမှမဖြစ်နိုင်ပါ မြတ်စွာဘုရားသက်တော်ထင်ရှာရှိစဉ်က ဘုရာနှင့်

ခဏတာမျှတွေ့ရသောသူတို့သည် အနည်းဆုံးသောတာပန်အဆင့်လောက်

တော့ရခဲ့ကြသည် ။

                                     အစားကြီး အအိပ်ကြီးသည့် ပျင်းရိလေးကန်နေသော ဘုရင်ကြီးကောသလမှာတော့ ဘုရားရှင်နှင့်(၂၅)

နှစ်အတူဖူးတွေ့ခွင့်ရသော်လည်းဘာတရားထူမှမရခဲ့ချေ ကျွန်တော်တို့တတွေလည်း ဤဘုရင်ကြီး၏ရွှေတော်မျိုးတော်တွေများလားဟု

သံသယကြီးစွာဝင်မိတော့သည် အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်း(၅၀)လုံးလုံး (မလုပ် မရှုပ် မပြုတ်)

ဟူသောဆောင်ပုဒ်နှင့်နေခဲ့ကြလေသည်။ 

ကမ္ဘာနိုင်ငံအသီးသီးတွင်နေ့ညအဆက်မပြတ်စက်ရုံကြီးများလည်ပတ်နေကြသည်။လူများလည်းအဆက်မပြတ်အလုပ်လုပ်ကိုင်နေကြ

သည် လုပ်ကိုင်နေစဲပင်ဖြစ်တော့သည်

 ထိုစက်ရုံကြီးများလည်ပတ်ရန်အတွက်လျှပ်စစ်ဓါတ်အား(၂၄)နာရီရရှိဖို့တော့လိုအပ်ပေသည်။လျှပ်စစ်မီးသည်လူမှုယဉ်ကျေးမှုသမိုင်း

အတွက် ကျောက်ခေတ်မှသည်မျက်မောက်ခေတ်သို့ပြောင်ပေးနိုင်ခဲ့၏။

နိုင်ငံတိုးတက်ချင်ရင် ဒီမိုကရေစီရဖို့ထက် လျှပ်စစ်မီးရဖို့က ပိုအရေးကြီးတယ်

(စင်္ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယူ)

ဤအဖိုးတန်သော စကားသည်မှန်၏ မြန်မာလူမျိုး ကျွန်တော်တို့အတွက်တော့စဉ်စားစရာဖြစ်နေတော့သည် သို့သော်

ထိုလျှပ်စစ်ဓါတ်အားထုပ်လုပ်ဖို့အတွက် သူတို့၏သဘာဝပတ်ဝန်းကျင်ကိုသူတို့မထိခိုက်ခဲ့ပေ။

အဘယ်ကဲသို့ဆောင့်ရှောက်ကြသနည်းဆိုသော်သူတို့နိုင်ငံသူ နိုင်ငံသားတို့သည် သူတို့နိုင်ငံတွင်ပေါက်ရောက်နေသောသစ်ပင်

တပင်ကိုခုတ်လှဲဖို့ဝေးစွ အပွင့်အခက်ကိုပင်ခူး၍မရအောင် ဥပဒေဖြင့်ကြပ်မတ်ထားသည်

မြေကြီးကိုလည်းတူးခွင့်မပေး ဥပဒေနှင့်ပြဌာန်းထားသည် လိုအပ်လျှင်တတ်ကျွမ်းနားလည်သော ပါမစ်ရ ကုမ္ပဏီများမှ

သေသပ်ကြနစွာလုပ်ဆောင်သွားကြတော့သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းတို့လို့သူတို့မမိုက်မဲခဲ့ကြပါ။ကြေးစင်တောင်စီမံကိန်းတို့လို သူတို့ပညာမမဲ့ကြပါ။

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ကြေးစင်တောင်စီမံကိန်းတို့သည် အမျိုးသားယဉ်ကျေးမှုပျက်စီမှု ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှုင့်

ဂေဟစနစ်များပျက်စီရှိုယွင်မှုကျေးရွာလူနေမှုနှင့်စာဝတ်နေရေး ပျက်စီးမှု

သဘာဝဘေး အန္တရယ်များချိန်းချောက်မှု အတ္တကိုယ်ကျိုးစီးပွါးရှာသမားများ၏ချိန်းချောက်မှု

အရောင်စုံအသံစုံအကြမ်းဖက်သမားများ၏အကြမ်းဖက်ချိန်းချောက်မှုများကိုစိုးရိမ်ရမှုတို့ရှိသည် သဘာဝတရားကြီးသည်

ပတ်ဝန်ကျင်တောတောင်ရေ မြေနှင့်ရာသီဥတုတို့ကို အပြန်အလှန် အချိန်းအချက်ပြုထားသည် ယခုအခါတွင်သုံးရာသီတို့သည်ကား

နွေသည်နွေမမည် မိုးသည်မိုးမမည် ဆောင်းသည်ဆောင်းမမည်တော့

ဤသည်တို့သည် မသိမှုအဝိဇ္ဇာ လောဘ ဒေါသ မောဟတရားများက ဖန်တီးလိုက်ခြင်းဖြစ်သည်။

တချို့ကအစိုးရကလုပ်သည်ဟုပြောကြသည် သူပုန်လည်းဒီအလုပ်မျိုးလုပ်နေကြသည် တကယ်တော့

ထိုထိုသူသူတို့သည် မိမိ၏သွေးကိုမိမိပြန်ဖေါက်သောက်နေကြသောသူများနှင့်တူကြလေတော့သည်။

                                           မြန်မာနိုင်ငံအတွက်တခြားလျှပ်စစ်စီမံကိန်းများစီးပွါးရေးလုပ်ငန်းများကိုတတ်ကျွမ်းနာလည်သော

ပညာရှင်များနှင့်တိုင်ပင်ပြီးလုပ်ဆောင်သင့်သည်ထိုပညာရှင်များကလည်းအဂတိတရားလေးပါးကင်းစွာဖြင့်အများအကျိုးအတွက်ရှေ့

ရှုဆောင်ရွက်သင်ပေသည်သို့မဟုတ်ပါက ကျွန်တော်တို့တတွေသည်မီးချစ်တဆံကြပျောက်၍မီးချစ်ဆံများကိုခြစ်ခါရှာနေသော

သူများနှုင့်မခြားမီးချစ်တဘူးလုံးသာကုန်သွားသော်လည်း မီးချစ်ဆံတဆံကိုရှာမတွေခဲ့သော သူရူးသူမိုက်များကဲသို့

လောကကြီးအလယ်တွင်ရှိနေတော့မည်တကား….။

 

မောင်မောင်ကြည်ခင်(သန်လျင်)

 

***လူကို အရူးတစ်ပိုင်း ဖြစ်စေတဲ့ သံယောဇဉ်..***

$
0
0

ပြီးဆုံးသွားတယ် ဆိုရအောင်လဲ..ဇာတ်လမ်းမှ မဖြစ်ခဲ့တာ

လမ်းခွဲတယ်ဆိုရအောင်လဲ..ချစ်သူတွေမှ မဖြစ်ခဲ့ကြတာ.

ခွဲခွာသွားတယ်ဆိုရအောင်လဲ..အစောကြီးထဲက နီးနီးလေးမှ မဟုတ်ခဲ့တာ..

 

ဒါဆို ဘယ်လိုခေါင်းစဉ် တပ်ရမှာလဲ...

ပျောက်ကွယ်သွားတာလားးးဟင်အင်းးးး ပျောက်ကွယ်သွားတယ်ဆိုရအောင်လည်း ဒီနေ့ချိန်ထိ တွေ့နေရတာပဲ..

သေချာတာကတော့ ကျွန်မဘ၀ထဲက ထွက်ခွာသွားတာပဲဖြစ်မှာပါလေ..

သံယောဇဉ် သံယောဇဉ် လူကို အရူးတစ်ပိုင်းဖြစ်စေတယ်ဆိုတဲ့ လေးဖြူ သီချင်းလိုပါပဲလား

တွေ့ကြဆုံကြ ပျော်ကြမော်ကြနဲ့...
ဝမ်းနည်းစရာတွေမရှိလောက်အောင်...ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့
ကျွန်မတို့နှစ်ယောက်က တစ်နေ့ ဆုံတွေ့ခွင့်ကို တောင့်တကြရင်း ရက်လနှစ်တွေ
ကြာခဲ့တာတောင် မျှော်လင့်ချက်လေးတွေနဲ့ ရှေ့ဆက်ခဲ့ကြပါ...

အခုတော့ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ကျွန်မကို အဆက်အသွယ်
ဖြတ်ခဲ့တယ်...... **၁၅၀၀ မဟုတ်ပေမဲ့ **၅၂၈** ကလဲ... သိပ်ကို
ထူးဆန်းလွန်းလှပါတယ်...... သွေးသားရင်းချာမဟုတ်ဘဲ
အွန်လိုင်းပေါ်က သံယောဇဉ်က လူတစ်ယောက်ရဲ့ နှလုံးသားတွေကိုတောင် နာကျင်စေလှပါတယ်.....

တစ်နေ့နေ့ပြန်လာနိုး နိုး နဲ့ မျှော်နေမိပေမဲ့ အသက်လေးတွေသာ တစ်နှစ်
တစ်နှစ် ကြီးသွားခဲ့ကြတယ်....သူကတော့ အေးဆေးလိုပါပဲလားးးးးး
တစ်ခါတစ်ခါ အွန်လိုင်းလေးမှာသူ့အကောင့်လေး စိမ်းနေတာ တွေ့ရပေမဲ့
ခေါ်နိုး ခေါ်နိုး စောင့်နေမိလဲ သူကတော့ သိမယ်တောင် မထင်ပါဘူးလေ......
မာနထားတာ မဟုတ်ပေမဲ့.. မိန်းကလေးတစ်ယောက်အတွက် အရှက်သိက္ခာလေးတော့ထားပါရစေ......

အခုတော့ သူမေ့သွားပြီပေါ့ ထားခဲ့ကြတဲ့ သံယောဇဉ်တွေကို လွယ်လွယ်လေး
ဖြတ်တောက်သွားနိုင်ပြီပေါ့...တစ်ခါတစ်လေ သတိလေးတောင်ရရဲ့လားလို့
မေးချင်မိတယ်ကွယ်...

ဟိုတုန်းက ပြောခဲ့ဖူးတဲ့စကားလေးပေါ့
**အစ်ကိုက လမင်းကြီးဆို ညီမလေးက ကြယ်လေးတစ်ပွင့်အဖြစ် အစ်ကို့ဘေးနား
အမြဲတမ်း ရှိမယ်*
* လို့
ညည ဖုန်းဆက်တိုင်း ပြောနေကျစကားလေးတွေ......

အခုတော့.... မတွေ့မဆုံကြတော့ပေမဲ့.. ပြောခဲ့ဖူးတဲ့စကားလေးတွေ...
ရေးခဲ့ဖူးတဲ့ Mail လေးတွေ ဆိုခဲ့ဖူးတဲ့ သီချင်းသံလေးတွေကတော့
ဒီနေ့ဒီအချိန်ထိ အမှတ်တရတွေအဖြစ်ရှိနေ ကျန်နေ မေ့လို့မရဆဲ..သတိရတိုင်း
ပြန်ဖတ်နေဆဲပါပဲ.

သံယောဇဉ်ဆိုတာ ဖြတ်တောက်လို့ရပေမဲ့ မေ့ပစ်ဖို့မှ မလွယ်တာ အစ်ကိုရယ်...

 

 

 

အားလုံးကို ကျေးဇူးတင်ပါ၏ 

နှင်းဆီသခင်မလေး

အရိပ်မဲ့နဲ့အသဲကွဲခြင်း

$
0
0

အချစ်ဆိုတာကိုစသည့်တဲံအချိန်ငါနဲနဲမူးနေတယ်   ဒီလိုပဲချက်ခဲ့တာပါ     ဒါပေမဲ့ထူးချားတဲ့စကားလုံးတွေကိုရစ်မူးလာတယ်   နေ့တိုင်း  ညတိုင်း   သူ့အကြောင်ကိုဆင်းစားခဲ့တယ်စကားတွေပြောခဲ့တယ်   ငါ့ကိုချစ်တယ်တဲ့   သူအဖြေပေးခဲ့တယ်  ပျော်လိုက်တာတစ်ညလုံး   ဒါပေမယ့်   ငါချစ်သူက  မကြားရမမြင်ရလေ   ဘာပဲပြောပြောသူကိုတော့ချစ်တယ်  သူ့ကိုချစ်ရင်အရက်ဖြက်ပါတဲ့  ရတယ်   ဆေးလိပ်ပါအဆစ်ဖြက်ခဲ့သေးတယ်   ကွမ်းလဲမစားတော့ဘူး  ကျီုးစားခဲ့တဲ့အချိန် တွေ  အခုမှသိလိုက်ရတာသူ့မှာချစ်သူရှိတယ်တဲ့  ဒါဆိုဘာ့ကြောင့်ချစ်တယ်လို့ပြောရတာလဲမေးတော့   သနားလို့တဲ့   အွန်လိုင်းပေါ်မှာငါ့လိုအသဲဘယ်နှစ်ယောက်ကွဲပြီးပြီလဲ    အခုတော့ငါချက်နေတာငါ့ကိုယ်ငါပဲဖြစ်နေပြီ   တခုတော့တွေးမိတယ်အချစ်သည်  အဖြူရောင်နှင့်ဆင်တူရိုးမှားပဲ      အရိပ်တောင်မမြင်ရပဲအသဲကွဲတာကိုဘယ်လိုခေါ်မလဲ                                              ကျွန်တော့နာမည်ထက်လင်းပါ

ဖီလော်ဆိုဖီအတွေး

$
0
0

ကျွန်တော်ကphilosophyသမားတဦးမဟုတ်ပါ။ဒါပေမဲ.ကျွန်တော်.သူငယ်ချင်း

တဦးကဒသနိကသမားတဦးလေ။သူကဘာကိုမဆိုဒသနိကအတွေးနဲ.ဘဲတွေး

တယ်။သူက ဆင်ကိုကြွက်ဖြစ်အောင်ပြောတတ်သလို ကြွက်ကိုလဲဆင်ဖြစ်အောင်

ပြောတတ်ပါတယ်။အဲဒီမှာမှတ်မိသလောက်ကတော. တခုခုကိုနှိုင်းယှဉ်ပြတာ

တွေဘဲလေ။ဥပမာပြောရမယ်ဆိုရင်  မြေဖြူသည် ဖြူသည်။ ထို.အတူ စပါယ်ပန်း

သည်ဖြူသည်။ထို.ကြောင်.စပါယ်သည်မြေဖြူဖြစ်သည်။  ဟုတ်လားခင်ဗျာ။

အဖြူရောင်ခြင်းတူတာနဲ.စပါယ်ပန်းသည် မြေဖြူဖြစ်နိုင်ပါသလား။

ကျွန်တော်တခါတလေတော.သူတို.ရဲ.ဖီလော်ဆိုဖီideaတွေကိုသဘောကျမိတယ်။

အထူးသဖြင်.ကျွန်တော်ချစ်တဲ.ကောင်မလေးနဲ.ပါတ်သက်ရင်ပေါ.။သူ.ကိုကျွန်

တော်ဖီလော်ဆိုဖီအယူအဆနဲ.မကြာမနပြောတယ်။မင်းကိုငါချစ်တယ်။မင်းလဲလူ

ငါလဲလူ။ဒါကြောင်.တူညီတဲ.သဘောတရားနှစ်ခုဖြစ်သဖြင်.ငါချစ်သလိုမင်းလဲ

ချစ်တယ်လို.။ဟုတ်ပါသလားစာရှုသူတို.။ခုခောတ်မှရောphilosophy major

ရှိသေးလား။ဖြေကြားပေးပါဦးနော်။

အေးချမ်းတဲ့ဘဝ

$
0
0

ရှုံးနှိမ်မှု့တွေ ကို တွန်းလှန်ပီးး

အောင်မြင်မှု့ပန်းတိုင်ကို ငါဟာ မင်းလေးမပါဘဲ

တယောက်တည်းလျှောက်လျမ်းနေဆဲပါချစ်သူ

တချိန်က အမြဲလိုအနားမှာ နေပီးအားပေးတက်တဲ့

မင်းလေးလို့ ကိုယ် ဘယ်လောက်ဘဲ ရှုံးနှိမ့်မှု့တွေ များများ

ကိုယ်မကြောက်မရွံ့ ရင်ဆိုင်ရဲခဲ့တယ်ချစ်သူ

အခု့တော့ မင်းမရှိတော့ ရှုံးနှိမ့်မှု့တွေကို ကိုယ်တယောက်တည်း

အရင်လို မကြောက်မရွံ့ရင်ဆိုင်နိုင် အောင်ကြိုးစားလို့ နေရဆဲပါ

ကိုယ်သိပ့်ချစ်ရတဲ့သူရယ်.......

အရင်လို ကိုယ်ဘေးနားမှာနေပေးပီ တိုနစ်ဦမျှော်မှန်းထားတဲ့

ပန်းတိုင်ကို ရောက်အောင် ကိုယ်ဘေးမှာ အရင်လိုတခါပြန်ပီး

ဖေးမကူလို့ ပေးရင် အေးချမ်းတဲ့ ဘ၀လေးတခု့ကို အတူတူ

ထူထောင်ရအောင် လားကွာ..

ကျန်းမာရေး အတွက်

$
0
0

             လူတိုင်းဟာ အသက်ရှင်နေထိုင် ရသမျှမှာ ကျန်းမာရေးဟာ အဓိက ကျတဲ့လိုအပ်ချက်တစ်ခုပါပဲ။ ဒါပေမဲ့ လူတွေကလဲအဲဒီကျန်းမာရေးကိုပဲ လစ်လျူ ရှုထားပြီး မတတ်နိုင်တဲ့ အဆုံးကျမှသာ ဆေးရုံ ဆေးခန်းပြေးကြတာမဟုတ်လား..ဒီတော့လိုတာထက်ပိုကုန်တော့တာပါပဲ ဒီလိုတွေမဖြစ်ကြိုတင်ကာကွယ်လို့ ရပါတယ်။ ဒါဆို ဘယ်လိုကြိုတင်ကာကွယ်မလဲ အရင်ဆုံး အစားအသောက်အနေထိုင် လေးကို ဆင်ခြင်ရပါမယ် ပြီးရင်ကိုယ် လက်လှုပ်ရှားမှုလေးတွေကို တတ်နိုင်သလောက်လေးလုပ် ပေးရပါမယ်.........အခုဆိုရင် တံခါးဖွင့်စီးပွားရေး ၀င်ရောက်လာမှုကြောင့် ကျန်းမာရေးစောင့်ရှောက်တဲ့ စက်တွေကို စတင်အသုံးပြုနိုင်ပါပြီ ........လေ့လာကြည့်လို့လဲရပါပြီ  ဒီစက်တွေရဲ့ထူးခြားချက်ကတော့ ရောဂါရှိတဲ့သူရော ရောဂါမရှိတဲ့သူရော အားလုံးအသုံးပြုနိုင်တာပါပဲ .........သူ့ကိုသုံးမယ်ဆိုရင် လက်ခံစားနေရတဲ့ရောဂါကို လဲ သက်သာစေပြီး နောက်ဝင်ရောက်လာနိုင်တဲ့ ရောဂါတွေကိုတားဆီးပေးပါတယ် ။ အခုဆိုရင် ဒီစက်တွေကို အခမဲ့ စနစ်နဲ့ လက်တွေ့စမ်းသုံး ကြည့်နိုင်ပါပြီ .......... ရွှေမြို့တော်သူ / သား တွေအနေနဲ့ သွားရောက်လေ့လာ နိုင်ပါ တယ် စေတနာဖြင့် လိပ်စာ မျှဝေပေးလိုက်ပါတယ် အမှတ် 351 ၊ အခန်း 201/202 ပထမထပ် သိမ်ဖြူ လမ်း ၊ မင်္ဂလာတောင်ညွန့်။ ပါ ceragem  centre  ပါ


စိတ်ဆိုးစိတ်ကောက်တတ်တဲ့ချစ်သူကိုတန်ဖိုးထားတတ်ပါစေ

$
0
0

စိတ်ဆိုးစိတ်ကောက်တတ်တဲ့မိန်းကလေးနဲ့ ချစ်သူဖြစ်နေသူများအတွက်ပါ....သင့်ချစ်သူကသင့်ကိုခနခနစိတ်ကောင်ကတာ၊ စိတ်ဆိုးတာဟာသင့်ကိုချစ်လို့ ပါ။အပြစ်မမြင်ပါနဲ့ ... စိတ်လုံးဝမဆိုးတတ်တဲ့မိန်းကလေးတစ်ယောက်ဟာရေနွေးဖြူတစ်ခွက်နဲ့ တူတယ်။ရေငတ်ပြေပေမဲ့အရသာမရှိဘူး... သင်နောက်ကျတဲ့အခါ...သူမစိတ်ကောက်တယ်...အကြေင်းကသင်လမ်းမှာမတော်တဆဖြစ်မှာကိုစိတ်ပူလို့ ပါ။ သင်ဆေးလိပ်သောက်တဲ့အခါ သင့်ကိုစိတ်ဆိုးတယ်...အကြောင်းကသင့်ရဲ့ ကျန်းမာရေးထိခိုက်မှာစိုးလို့ ပါ...။ သင်အရက်သောက်တဲ့အခါ...စိတ်ဆိုးတယ် အကြာင်းကသင်အရက်မူးတဲ့အခါသင့်ကိုဂရုစိုက်မဲ့သူမရှိမှာစိတ်ပူလို့ ပါ...ပိုဆိုးတာကအရက် သောက်ရင်ဘေးဖြစ်မှာကိုပါ။သူမမျှော်လင့်တာက သင်နဲ့ အတူတူဆံဖြူသွားကျိုးတဲ့အထိလက်တွဲသွားချင်တယ်လေ.... သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ...သူမစိတ်ကောက်တယ်။အကြောင်းကသင့်ကိုဂရုစိုက်လို့ ပါ။မုန့် ကိုပဲဝေစားမယ် ...သင့်ကိုတော့ဝေမစားနိုင်ဘူးဆိုတဲ့သဘောပါ။သူမရဲ့ မွေးနေ့ ကိုသင်မေ့တဲ့အခါသူမစိတ်ဆိုးလိမ့်မယ်။အကြောင်းကသင်ဟာသူမရဲ့ မျှော်လင့် ချက်ပါ။သူမရဲ့ မွေးနေ့ ကိုသင့်ကိုအမှတ်ရစေချင်တဲ့သဘောပါ..... မိန်းကလေးတွေဟာတရားဟောတဲ့သူလည်းဖြစ်တယ်။သူတို့ စိတ်ဆိုးတဲ့အခါသဘောတရားအမျိုးမျိုးကိုနားလည်ခွင့်ရရှိကြတယ်။မိန်းက လေးတွေဟာတိတ်ဆိတ်တဲ့သူလည်းဖြစ်နေတတ်ပြန်တယ်...ဒီအခါသူတို့ သဘောထားကိုနားလည်ဖို့ ခက်ပြန်ေ၇ာ...မိန်းကလေးတွေဟာ သူတို့ ရဲ့ ဘေးမှာရှိတဲ့ယောကျာ်းလေးဆီကတောင်းဆိုတယိ...မျှော်လင့်ချက်တွေရယူချင်တဲသဘောက...သူတို့ ဟာမကြာခနဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ ပဲ..ဒါကြောင့်မိန်းကလေးတွေက ယောကျာ်လေးတွေကို အလွယ်တကူစိတ်ဆိုးစိတ်ကောက်တာဖြစ်တယ်...တကယ်လို့ သင့်မှာစိတ်ကောက်တတ်တဲ့ကောင်မလေးရှိရင် သင်ကောင်ကံကောင်းပြီ မှတ်ပေတော့...သင့်မှာစိတ်ဆိုးတတ်တဲိ့န်းကလေးတစ်ယောက်ကိုပိုင်ဆိုင်ထားရင်တော့ သူမကိုတန်ဖိုးထားပါတော့...အကြောင်းက စိတ် ဆိုးတတ်တဲ့မိန်းကလေးတွေကချစ်စရာအကောင်းဆုံးမို့ လို့ ပါ။တကယ်လို့ ..တစ်နေ့ ကျရင် သူမ သင့်အပေါ်စိတ်မဆိုးတော့ရင်...စိတ်မ ကောက်တော့ရင် ဘာဖြစ်နိုင်လာလဲ.... သင်ကထင်ရင်ထင်မယ် နားအေးသက်သာတာပေါ့...အခုမှအေးဆေးနေရတော့မယ်လို့ ထင်နိုင်ပါတယ်။တကယ်တော့ သင်တစ်ယောက်ထဲအမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ချားမှုနဲ့ အထီးကျန်စွာနာကျင်ခြင်းကိုတစ်ဦးတည်းခံစားရမှာဖြစ်ပါ တယ်။သင့်ကိုပူပန်စိုးရိမ်မှုတွေနဲ့ ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက် ကိုယ်ဘာသာလမ်းဆက်လျှောက်ရမှာဖြစ်တယ်...မှားယွင်းခြင်း တွေကြုံလဲသတိပေးတားမြစ်တဲ့လူမရှိတဲ့အတွက် မှားပြီးရင်းထပ်မှားဖွယ်ရာဖြစ်လာနိုင်တယ်...အဆုံးမှာမိမိကိုယ်ကိုယုံကြည်ခြင်းပျက်သုန်းလာပြီး.....အိပ်မရတဲ့ညတွေကိုဖြတ်သန်းရတော့ မှာဖြစ်တယ်။ ဒါကြောင့်မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်...သူတို့ ရဲ့ သဘောထားကိုမြင်အောင်ကြည့်ပေးပါ..ကိုယ့်ကိုတစ်ကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာကိုယ်ကိုဘေးကျပ်နံကျပ်ဖြစ်အောင်ဘယ်တော့မှမလုပ်ပါဘူး။သူ့ မှာအကြောင်းရင်းရှိပါတယ် သူရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်။ဒါဆိုရင်သင့်ရဲ့ ချစ်ခရီးလမ်းဟာကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့... ချစ်သောသူနဲ့ အဆင်ပြေကြပါစေ.....

ကိုယ့်ချစ်သူကကိုယ့်အတွက် ဘယ်လောက်အရေးပါလဲ တွက်ကြည့်ရအောင်လား

$
0
0

လူတိုင်းက ချစ်သူအပေါ်မှာထားတဲ့ ကိုယ်ရဲ.စိတ်ကလေးကို သိချင်ကြမှာပါ။ သိချင်ရင် အခုမေးမဲ့မေးခွန်းလေးတွေကို မလိမ်ညာပဲ ဖြေကြည့်နော်။ အရေးကြီးတာက ကိုယ့်ချစ်သူပုံကို စိတ်ထဲမှာ မြင်ယောင်နေဖို.ပါပဲ။ မှန်မမှန်ကတော့ မိတ်ဆွေတို.ဖြေကြည့်ပြီးမှဆုံးဖြတ်ပေးပေါ့နော်။ ဘာပဲပြောပြော အပျင်းတော့ပြေမှာပါ။ အိုကေတယ်ဆို စပြီနော်။အော်...မေ့လို့ ကိုယ်ဖြေလိုက်တဲ.အဖြေဘေးက အမှတ်လေးတွေကို ပေါင်းပေးသွားနော်...... ၁။ သင်က သင့်ချစ်သူကို... (၁) ဘယ်တော့မှ လိမ်မပြောဘူး(၀)မှ တ် (၂) သူ မသိသင့်တာကလွဲရင် အားလုံး အမှန်အတိုင်းပြောတယ်(၁)မှတ် (၃) လိမ်သင့်ရင် လိမ်ရမှာပဲ(၂မှတ်) (၄) တော်တော်များများ လိမ်ပြောတယ်(၃မှတ်) ၂။ သင်နဲ့သင့်ချစ်သူ အကြိုက်ခြင်းတူမှုက... (၁) 100% (၀)မှ တ် (၂) 80% (၁)မှတ် (၃) 50% (၂မှတ်) (၄) 20% (၃မှတ်) ၃။ ချစ်သူများနေ့လို နေ့မျိုးမှာ... (၁) သူ လိုအပ်သမျှ ဖြည့်ဆည်းပေးချင်တယ် (၀)မှ တ် (၂) ချစ်သူနားမှာ ရှိပေးမယ်(၁)မှတ် (၃ သူလိုတာဝယ်ပေးမယ်(၂မှတ်) (၄) သူဘာဖြစ်ချင်မှန်းမသိဘူးလေ(၃မှတ်) ၄။ ကိုယ် လုံးဝမကြိုက်တဲ.မုန့် သူအတင်းကျွေးနေရင်... (၁) သူကြိုက်ရင် ကိုယ်ကကြိုက်ပြီးသားပဲ(၀)မှ တ် (၂) မကြိုက်လဲ သီးခံစားမှာပေါ့(၁)မှတ် (၃) ငြင်းကြည့်မယ်(၂မှတ်) (၄) လုံးဝ မစားဘူး(၃မှတ်) ၅။ သင် သင့်ချစ်သူရဲ.မွေးနေ့ကို... (၁) အမြဲ အလွတ်ရနေတယ်(၀)မှ တ် (၂) မှတ်မိတယ်(၁)မှတ် (၃) မှတ်မိသလိုလိုပါပဲ(၂မှတ်) (၄) မေးမကြည့်မိဘူး(၃မှတ်) ၆။ သူကိုယ်ရှေ့မှာ ချော်လဲခဲ့ရင်... (၁) အဲလို မဖြစ်စေရဘူး(၀)မှ တ် (၂) ချက်ချင်း ပြေးထူမှာပေါ့(၁)မှတ် (၃) ထူရမှာပဲလေ(၂မှတ်) (၄) ရယ်မိမယ်(၃မှတ်) ၇။ ချစ်သူကို အရောင်နဲ့ တင်စားမယ်ဆိုရင်... (၁) အ၀ါရောင်(၀)မှ တ် (၂) အဖြူရောင်(၁)မှတ် (၃) ပန်းရောင်(၂မှတ်) (၄) မစဉ်းစားတတ်ဘူး(၃မှတ်) ၈။ ကိုယ့်ချစ်သူကို အိမ်မက်ထဲမှာ... (၁) ညတိုင်းမက်တယ်(၀)မှ တ် (၂) မကြာခဏပေါ့(၁)မှတ် (၃) အမြဲတော့ မဟုတ်ဘူး(၂မှတ်) (၄) မှတ် မထားမိဘူး(၃မှတ်) ၉။ စိတ်ရှုပ်နေတဲ.အချိန်ချစ်သူနဲ့ ရှိတယ်ဆိုရင်... (၁) လောကကိုတောင်မေ့သွားတယ်(၀)မှ တ် (၂) စိတ်ချမ်းသာမှာပါ(၁)မှတ် (၃) စိတ်က အခြားမှာပဲ(၂မှတ်) (၄) စိတ်ညစ်မိမယ်(၃မှတ်) ၁၀။ သင့်အတွက် အရေးအကြီးဆုံးက... (၁) အချစ် (၀)မှ တ် (၂)ပျော်ရွှင်မှု (၁)မှတ် (၃)မှန်ကန်မှု (၂မှတ်) (၄)ငွေကြေး (၃မှတ်) ၁၁။ ချစ်သူ အဝေးသွားရင်... (၁) လိုက်သွားမှာပေါ့ (၀)မှ တ် (၂) နေတက်မှာ မဟုတ်ဘူး (၁)မှတ် (၃) သတိရမယ် (၂မှတ်) (၄) ပြန်လာမှာပဲဘာမှမဖြစ်ဘူး (၃မှတ်) ၁၂။ သူကပဲမှားပြီး သူကပဲစိတ်ဆိုးရင်... (၁) သူမှားလဲပြန်ချော့မယ်(၀)မှ တ် (၂) သူနားလညိလက်ခံအောင်ပြောပြမယ်(၁)မှတ် (၃) သူစိတ်ပြေမှ ပြန်ခေါ်လိုက်မယ်(၂မှတ်) (၄) လုံးဝ မချော့ဘူး(၃မှတ်) ၁၃။ သူသာ သေသွားခဲ့ရင်... (၁) ကိုယ်ပါလိုက်သေမယ်(၀)မှ တ် (၂) အရမ်းခံစားရမယ်(၁)မှတ် (၃) ၀မ်းနည်းမှာပေါ့(၂မှတ်) (၄) သေသောသူ ကြာရင်မေ့မှာပါ(၃မှတ်) ၁၄။ ချစ်သူအကြောင်းကို... (၁) အမြဲစဉ်းစားတယ်(၀)မှတ် (၂) မကြာခဏ(၁)မှတ် (၃) တိုက်ဆိုင်ရင်(၂မှတ်) (၄) သီးသန့် မစဉ်းစားမိပါဘူး(၃မှတ်) ၁၅။ ကိုယ့်ချစ်သူရဲ့ အစွဲဆောင်နိုင်ဆုံးက... (၁) အရာအားလုံးပဲ(၀)မှ တ် (၂) အပြုံး(၁)မှတ် (၃) မျက်လုံး(၂မှတ်) (၄) ဒီလိုပါပဲ(၃မှတ်) ၁၆။ ကိုယ့်ချစ်သူ ၀မ်းနည်းနေရင်... (၁) ကိုယ်ကသူ့ ထက် ပိုဝမ်းနည်းမယ်(၀)မှတ် (၂) ထပ်တူထပ်မျှပေါ့(၁)မှတ် (၃) နှစ်သိမ့်ရမှာပေါ့(၂မှတ်) (၄) ထိုင်ကြည့်နေရမှာပဲ(၃မှတ်) ကဲဖြေပြီးရင်...အမှတ်လေးတွေ ပေါင်းလိုက်ပါ။ အမှတ်နဲ့ ကိုက်တဲ့ အဖြေလွှာကို ကြည့်လို.ရပါပြီ ♥♥♥၁မှတ်မှ ၁၀မှတ်♥♥♥ သင်ဟာ အချစ်လွန်ကဲသူတစ်ယောက်ဖြစ်ပါတယ်။ ချစ်သူကို အသက်တမျှ တန်ဖိုးထားသူပေါ့။ သင်ဟာ သင်ချစ်သူကို ဖူးဖူးမှုတ်ထားချင်သူပါ။ တရားလွန်ဆိုတော့ သိပ်တော့မကောင်းပါဘူး။ ♥♥♥၁၀မှတ်မှ ၂၅မှတ်♥♥♥ သင့်ရဲ့ အချစ်က အကောင်းဆုံးအချစ်ပါပဲ။ တရားလွန်ကြီးမဟုတ်ပေမယ့် တကယ့်အချစ်စစ်ပါပဲ။ ချစ်သူကောင်းဖို့ အတွက် အများကြီး အထောက်အကူပြုနိုင်သူပါ။ ဘာပဲပြောပြော အကောင်းဆုံးအချစ်မို့ ဂုဏ်ယူပါတယ်။ ♥♥♥၂၅မှတ်မှ ၃၈မှတ်♥♥♥ သင်ကတော့ ချစ်တော့ချစ်ပါတယ်၊ အချစ်စစ်တော့ မဟုတ်သေးဘူး၊ နဲနဲတော့လိုသေးတယ်ပေါ့။ သင်က သင်မှန်တယ်ထင်ရင် ချစ်သူကို အရှုံးပေးဖို့ စိတ်ကူးရှိမှာ မဟုတ်ပါဘူး။ ♥♥♥၃၈မှတ်မှ ၄၈မှတ်♥♥♥ သင်ကတော့ တော်တော်ဆိုးတဲ့လူပဲ။ ကိုယ့်ချစ်သူကို တကယ်လဲမချစ်ဘူး။ ကွဲသွားလဲ ဂရုစိုကိမယ့်ပုံ မပေါ်ဘူး။ မာနကတော့ အတော်ကြီးမှာပဲ။ သူအတွက်ကိုယ့်မှာဖီလင်မရှိဘူး။ ဒါကြောင့် အကောင်းဆုံးက တကယ်ချစ်နိုင်မယ့်လူကို ပြောင်းရှာသင့်ပါပြီ။

အချစ်ဆိုတာ ကော်ဖီနဲ့ တူတယ်သိလား

$
0
0

ကော်ဖီနဲ့တူတဲ့ အချစ်

အခုခေတ် လူတွေက သူတို့ရဲ့အချစ်ဟာ fast food (မြန်ဆန်တဲ့အချစ်)နဲ့
တူတယ်လို့ ခိုင်းနှိုင်းကြတယ်။ ဒါပေမယ့် အချစ်ကို ကော်ဖီနဲ့
ခိုင်းနှိုင်းရင် ပိုသိသာ၊ မြင်သာမယ်လို့ ထင်ပါတယ်။

ချစ်သူရီးစားဘဝက ကော်ဖီတစ်ခွက် သောက်နေတာနဲ့တူပါတယ်။ အငွေ့တထောင်းထောင်း
ထနေတဲ့ ကော်ဖီတစ်ခွက် ကိုယ့်ရှေ့ရောက်လာပြီဆိုရင် တစ်ချို့လူတွေက
သကြားနဲ့နို့ကို အရင်ဆုံး အများကြီး ထည့်ပစ်တတ်တယ်။ အဲဒီအချိန်မှာ
အချိုတွေ အများကြီးရောထားတဲ့ ကော်ဖီဟာ အချိုရည်အသွင် ပြောင်းသွားတော့တယ်။
ကော်ဖီရဲ့ နဂိုခါးသက်သက် အရသာတွေ ပျောက်သွားခဲ့ရတယ်။
ချစ်သူရီးစားဘဝတွေမှာ ချစ်သူကို လက်ဆောင်၊ ပန်းစည်းတွေနဲ့ပဲ အပျော်၊
ကြည်နူးမှုတွေ ပေးခဲ့မယ်ဆိုရင် ချိုမြိန်မှုတွေ ရနိုင်ပေမယ့် ကြာလာရင်
ငြီးငွေ့အီစိမ့် လာတတ်ပါတယ်။

တစ်ချို့လူတွေက ကော်ဖီကို အရသာမခံဘဲ တစ်ကြိတ်ထဲ သောက်ချပစ်လိုက်တတ်တယ်။
အာခေါင်၊ လျှာတွေကို ပူမိသည်ဖြစ်စေ၊ မပူမိသည်ဖြစ်စေ သောက်ဖို့တစ်မိနစ်
နောက်ကျတာနဲ့ ရထားလွတ်သွားတော့မယ့် ပုံစံနဲ့ ကော်ဖီကို ဂွတ်ခနဲ့သောက်ပစ်
တတ်ကြတယ်။ စသောက်တုန်းက ရှုရှိုက်မိတဲ့ ကော်ဖီနံ့ကလွဲလို့ နောက်ဆုံးမှာ
ပါးစပ်တစ်ခုလုံးထဲ ခါးသက်တဲ့ အရသာပဲ ကျန်ခဲ့တော့တယ်။ တစ်ချို့လူတွေက
ကော်ဖီတစ်ကြိတ်အချစ်ကို ချစ်တတ်ကြတယ်။ အခုချစ်၊ အခုလက်တွဲ၊ အခုပဲ
မှားယွင်းတတ်ကြတယ်။ အချိန်တိုတိုအတွင်းမှာ ချစ်ကြကွဲကြပြီး နောက်ဆုံးမှာ
စိတ်လက်မကြည်မသာဖြစ်ပြီး ကျန်နေခဲ့ရတယ်။ ဘယ်သူနဲ့ ကိုယ်ချစ်ခဲ့တယ်၊
ဘယ်အချိန်မှာ ချစ်ခဲ့တယ်ဆိုတာကိုတောင် မှတ်မိချင်မှ မှတ်မိတတ်ကြတယ်။

တကယ့်ကော်ဖီသောက်နည်းက စားပွဲပေါ် ကော်ဖီရောက်ရင် သင်းပျံ့တဲ့
ကော်ဖီနံ့ကို အရင်ရှုမယ်။ မိန်းကလေးတွေရဲ့ ဆံနွယ်ကို ရှုရှိုက်သလိုပါပဲ။
ပြီးမှ တစ်ငုံ့အရသာခံ သောက်မယ်။ ခံတွင်းထဲက ခါးသက်တဲ့အရသာတွေ
ချိုမြိန်သွားတဲ့အထိ အရသာခံပြီး သကြားထည့်မလား၊ နို့ထည့်မလားဆိုတာကို
ဆုံးဖြတ်မယ်။ ဒီလိုကော်ဖီက သောက်ရတာ ပိုအရသာရှိပါတယ်။ အချစ်ကိုလည်း
ဒီကော်ဖီသောက်နည်းလို ဖြေးဖြေးချင်း အရသာခံ ခံစားချစ်ကြည့်မှ အချစ်ဟာ
ပိုလှပကြောင်း သိနိုင်ပါလိမ့်တယ်။

ကျွန်တော် သူများအကြောင်းဘယ်တော့မှမပြောပါ အထူးသဖြင့်ပေါ့ဗျာ.........

$
0
0

အင်းတော်တော်များများဘလော့တွေရေးဖြစ်ပါတယ် တချို့ ဘလော့တွေအတွက်ရန်ဖြစ်ရတယ် စိတ်တိုရတယ် တချို့ ဘလော့တွေအတွက်တော့ပျော်ရတယ်  ဗဟုသုတရတာလေးတွေရေးပါညီလေးတဲ့ ဟုတ်ကဲ့ ပါ 

 ကျွန်တော်လဲရေးချင်ပါတယ် ဒါပေမဲ့ လက်က ဘယ်လိုမှအတည်အတန့် ရေးလို့ မရဘူးဗျ မကောင်းတာကတော့ အကျင့်ပဲ ကျန်တာဆိုလို့ ဆဲစရာလောက်ပဲရှိတယ် ကျွန်တော်ကလဲကိုယ့်အကြောင်းကိုမကောင်းပြောရတာဝါသနာကိုပါတာ  သူများအတင်းတော့မပြောတတ်ပါဘူး မပြောဆိုဘယ်သူ့ အကြောင်းမှမပြောဘူး

ပန်းပျိုးလက်ကျွန်တော့ဘလော့ပို့ စ်တွေဖာတ်မပေးပဲ ကောင်မလေးနဲ့ကျူနေတယ် ကျွန်တော်ပြောဖူးလားမပြောဖူးဘူး  ဟုတ်တယ်မလား ဘာပြောစရာရှိလဲ  သူ့ ဟာ သူကျူတာလေ ကျွန်တော်က ရေးလဲရေးသေးတယ် လင့်လဲပေးရသေးတယ် ဖတ်တော့မပေးဘူး စိတ်တော့ဆိုးတာပေါ့  ဒါပေမဲ့ကျွန်တော်ဘာမှမပြောဘူး ခုထိလဲမပြောဘူး သေချာတာကတော့ ဒီပို့ စ်ဖတ်ပြီးတာနဲ့ ကျွန်တော့ကိုဆဲတော့မယ်ဆိုတာပါပဲ ......

  ကျွန်တော်ကကျွနတော့အကြောင်းပဲမကောင်းပြောတတ်သူ ပါ သူများအကြောင်းတော့ မပြောတတ်ပါဘူး အထူးသဖြင့်ပေါ့ဗျာ ကျွန်တော့အကိုအမတွေဆိုပိုပြီးမပြောပါဘူး  အထူးသဖြင့်ပေါ့ဗျာ ဒီဆိုဒ်ထဲမှာစုံထောက်တို့ ရဲတို့  ( FBI ) တို့ထားမပေးတဲ့ အတွက်တော့တော်တော်ဆိုးပါတယ်  ကျွန်တော်လူပျောက်ရှာချင်တာပါ မတွေ့တာတော်တော်ကြာပြီဗျ ဘယ်လောက်ကြာပြီလဲဆိုရင်

ကိုအောင်ထက်တင်ပါးမှာသွေးစုနာဖြစ်ကတည်းပဲ  ( သူကမညှစ်ရဲတာနဲ့) အနာကတော်တော်ကြာပါပြီ ဒီဆိုဒ်ထဲသိတဲ့သူရှားပါတယ်  ဒါနဲ့ပဲ မြန်မာ ဆိုက်ကို(myanmarpsychoiogic) ကိုမေးတော့  သူကပြောတယ်ဗျ ဒါက ဒီလိုရှိတယ်ညီလေးငဒီရ တဲ့  အင်းကျွန်တော်လဲသေချာနားထောင်ပါတယ်ဗျ  တို့  ဒါကအရှေ့ တိုင်းပညာနဲ့ပြောရရင် မဟာဘုတ်တိုင်ထောင်ရမှာကွ ဗေဒင်အရတော့ကွာ အောင်လံထူစစ်သူကြီး.............................   အင်းတော်လောက်ပြီ

ကိုယ့်ဟာကိုပဲပြောတော့မယ်ဗျ  ဒီလိုဗျို့   အလွမ်းမယ် ခေါ် မကြီးအလွမ်း ပျောက်နေတာတော်တော်ကြာပါပြီဗျ သူက အပျို ကြီးပဲလုပ်မှာတဲ့  ကျွန်တော်ကငှက်ပျောတုန်ဖတ်ချင်လို့ လားလို့ မေးတော့  သူက ဟုတ်တယ်တဲ့ငှက်ပျောတုန်းပဲကောင်းတယ်တဲ့  ဒါဆိုရင်တော့ကျွန်တော်ပါရမီဖြည့် ပါရစေ အဲ့ ဒီငှပျောတုန်း ကျွန်တော်တာဝန်ယူပါရစေလို့ ပြောခဲ့မိတယ် သူကလဲရရင်ပြောလေတဲ့   ဟုတ်ကဲ့ဗျ ခု သူ့ အတွက်ရှယ်ငှက်ပျောတုန်း  ၀က်မလွှတ် ပင်ပုပုလေးနဲ့တုတ်တုတ်လေးရပြီဆိုတဲံအကြောင်း သူနဲ့တွေ့ ရင်ပြောပေးကြပါဗျကျွန်တော်က  ကျွန်တော့်အကြောင်းပဲမကောင်းပြောတတ်သူ ပါဆိုတာယုံပြီမလား  ဒါပဲလေ ဒါပဲပေါ့

 စာတွေရေးတယ် စာတွေဖတ်တယ် အားရင်ရန်တိုက်ပေးတယ် ချက်ဘောက်မှာ အဲ အဲ ချက်ဘောက်ဆိုလို့ ဗျပြောရဦးမယ် သူများအတင်းပြောတာတော့မဟုတ်ပါဘူး  ကျွန်တော်တို့ ဗျာ သူငယ်ချင်းတွေနဲ့ စကားတွေပြောနေတယ်ဗျာ ရယ်စရာတွေပေါ့

အယ်တစ်ခုစိတ်ပျက်စရာကောင်းတာက  တပ်မှူးလေးဗျတော်တော်  စိတ်ပျက်တယ်ဗျာ ပြောကောင်းနေပြီဆိုရင်လေ တက်လာပြီ ဘာလုပ်တယ်ထင်လဲ စာဖျက်တယ် ဆိုပြီးစာ ဖျက်ချရောဗျ အော်အေးပေါ့လေ တို့ စက်တွေလေးနေလို့ ဖျက်ပေးတာပဲလေ  နောက်ပြီးသိပ်မကြာဘူး ကောင်မလေးတွေ တက်လာတယ် စရင်းနောက်ရင်းနဲ့ အခြေနေကောင်းနေပြီဆို တက်လာပြီ  စာဖျက်တယ် ဆိုပြီ တခါထပ်ဖျက်တယ်  ဘယ်ချောင်ကဘယ်လိုချောင်နေတယ်မသိပါဘူးဗျာ နောက်တော့ ဒီနိုင်းခတို့  သဘောပေါက်သွားတယ်  တော်ပြီ ဆော်လုံးဝမကျူတော့ဘူး ပါးစပ်ကောလက်ပါ အငြိမ်နေပေးလိုက်တော့မှ သူကတက်လာပြီ ဟိုကောင်မလေး ဟိုင်း ဒီကောင်မလေးမင်ရာပါ  အော် သူက ပန်းမြိုင်အလယ်ကဥယျာဉ်မှူး ဖြစ်ချင်တာလေ ပျားအုံးနားသွားကပ်ရင်အရင်ဆုံး ပျားအတုတ်ခံမှာသူမမြင်ဘူး ပျားအုံးမြင်တာနဲ့ ပျားရည်သောက်ဖို့ ပဲ ပျားအုံးဖွတ်မယ် ဒါပဲ တပ်မှူးတဲ့ လူကြည့် တော့ပိုလီယို စီးချင်တော့ ဒို(do)  အင်း... သူများအကြောင်းတော့မပြောတတ်ပါဘူး ဒါပေမဲ့ မြင်နေတာလေးပြောမိတာပါ ကျွန်တော်ကကျွန်တော့အကြောင်းပဲမကောင်းပြောတတ်ပါဗျာ

      အကိုတွေအမတွေ ခင်ဗျား ဒီနိုင်းခ ကပျော်စေချင်တဲ့ ဆန္ဒ သက်သက်နဲ့နောက်မိ စမိတာဖြစ်လို့  အပြစ်မယူစေချင်ပါဘူးဗျာ ဒါဒီထဲမှာပါတဲ့အကိုအမတွေအတွက်ကတော့နောက်တင်ပေးမဲ့ပို့ စ်မှာလွှတ်သွားပါပြီ ကျန်နေသေးတဲ့အကို အမတွေအတွက်လဲလာပါအုံးမယ်ဆိုတဲ့အကြောင်း ကြိုပြောထားတယ်  လာဘ်ထိုးသင့်ရင်လဲအချိန်မှီအောင်လို့ ပါ

ကျွန်တော်တို့မိဘတွေ အိုလာပြီ

$
0
0

ကျွန်တော်တို့မိဘတွေ အိုလာပြီ     12-Jan-14

မင်္ဂလာပါခင်ဗျား။မှန်ပါတယ် ကျွန်တော်တို့မိဘတွေ တစ်ဖြည်းဖြည်းအိုလာပါပြီ။အိုမင်းခြင်းဆိုတာကတော့

လူတိုင်းလူတိုင်း ရှောင်လွှဲလို့မရတဲ့ ဓမ္မတာပဲမဟုတ်လား။ပြောချင်တာက ကျွန်တော်တို့မိဘတွေဟာ အသက်

ရွှယ်ကြီးလာသည်နဲ့အမျှ ကျွန်တော်တို့သားသမီးတွေရဲ့ပြုစုစောက်ရှောက်မှုတွေကိုအမှန်တကယ်လိုအပ်နေပါပြီ

။အဖြစ်ပျက် အတော်များများကတော့ မိဘတွေရှိစဉ်အခါက အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာ ကျွန်တော်တို့

ပတ်ဝန်းကျင်မှာ တွေ့ရှိနေရပါ။ကျွန်တော်တို့ ကိုယ်တိုင်ရောပဲမဟုတ်လား။မိဘတွေ မရှိတော့တဲ့ အချိန်ကြမှပဲ

တမ်းတနေတတ်ကြတယ်။ကျွန်တော် တစ်နေ့က "အမေတကယ် အိုလာပြီ"ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်မိ

တော့ အမှန်တကယ်ပဲ ဝမ်းနဲ့မိပါတယ်။သို့အတွက် ကျွန်တော် ဆောင်းပါးရှင်ရဲ့ သတိပေးချက်လေးတွေကို

FACEBOOK ပေါ်ရှိ သူငယ်ချင်းများအား ထပ်တူခံစားတတ်စေရန် ဝေမျှချင်ပါတယ်။

အကယ်၍တစ်နေ့နေ့မှာ… မေမေရဲ့မီးဖိုခန်းဟာ အရင်ကလို မသန့်ရှင်းနေတော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… အိမ်က အိုးခွက်ပန်းကန်တွေဟာ ဆေးတာမပြောင်တော့ဘူး ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မင်းမေမေရဲ့ဒယ်အိုးယောက်မတွေ မတောက်ပြောင်နေတော့ဘူး ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မင်းဖေဖေရဲ့ ခြံထဲမှာ ပေါင်းပင်းတွေနဲ့ပြည့်နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ…အိမ်ထဲက ကြမ်းခင်းတွေမှာ ဖုန်တွေနဲ့ပြည့်နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မေမေချက်တဲ့ဟင်းတွေက ငန်လွန်း စားရခက်လွန်းတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ မီးခလုတ်ပိတ်ဖို့မေ့နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… သူတို့ရဲ့ အကျင့်တွေဟာ သူတို့ရဲ့ အကျင့်အဟုတ်တော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ ကြွပ်ဆပ်တဲ့ သစ်သီးတွေကို မကြိုက်တော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ ဆန်ပြုတ်စားရတာကိုဘဲ ပိုကြိုက်လာတာမျိုး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… သူတို့လမ်းဖြတ်ကူးဖို့ကို အရမ်းတုန့်နှေးလာတာမျိုး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… သူတို့ ထမင်းစားတိုင်း ချောင်းအရမ်းဆိုးနေတာမျိုး ဆိုတာ သတိထားမိရင် (အအေးမိချောင်းဆိုးတယ်လို့ မထင်လိုက်ပါနဲ့… မျိုချတဲ့ အာရုံကြောတွေ အသက်ကြီးလာလို့ ချို့ယွင်းတဲ့လက္ခဏာပါ)
အကယ်၍တစ်နေ့နေ့မှာ… သူတို့ အပြင်ထွက်ရတာကို မကြိုက်တော့ဘူး ဆိုတာ သတိထားမိရင်…

အကယ်၍ဒီလိုတစ်နေ့ရှိခဲ့ရင်… ခင်ဗျားတို့ကို သတိပေးရမှာက ခင်ဗျားတို့ ဖေဖေမေမေ အသက်ကြီးနေပြီ… အင်္ဂါတွေ စပြီး ယိုယွင်းနေပြီ… အခြားသူတွေရဲ့ပြုစုမှုလိုအပ်လာပြီ… သူတို့ကို အမြဲ ဂရုစိုက်ဖို့… အမြဲသွားကြည့်ဖို့…လိုအပ်ပါတယ်… ဘယ်တော့ခါမှ ပစ်မထားပါနဲ့…
လူတိုင်းဟာအိုတတ်စမြဲပါဘဲ… မိဘတွေဟာ ကျနော်တို့ထက်အိုတာမြန်တယ်… ကျနော်တို့ဟာ နေရာချင်းလဲပြီး စဉ်းစားပေးသင့်တယ်… ဒါမှလဲ စိတ်ရှည်လာမယ်… ဒါမှလဲ မကျေနပ်စရာတွေရှိမှာ မဟုတ်တော့ပါ…
မိဘတွေ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင်တော့တဲ့အချိန်မှာ သားသမီးလုပ်သူတွေကလဲ သတိထားသင့်တယ်… သူတို့ ဆီးဝမ်းမထိန်းနိုင်တော့ဘူး… တချို့ကိစ္စတွေကောင်းကောင်းမလုပ်နိုင်တော့ဘူး… အခန်းမှာ အနံ့နံနေပြီ… သူတို့ အနံ့ရချင်မှရပါလိမ့်မယ်… အနံ့ခံအာရုံမကောင်းတော့ဘူး… သူတို့ကို နံ့တယ်လို့ အပြစ်မတင်ပါနဲ့… သားသမီးလုပ်သူက အလိုက်တသိနဲ့ သူတို့ သိက္ခာမထိအောင် ရှင်းပေးဖို့လိုပါလိမ့်မယ်…
သူတို့ ရေမချိုးနိုင်တော့တဲ့အချိန်မှာ အချိန်ယူပြီးရေပတ်တိုက်ပေးတာမျိုး… ကျနော်တို့ အစားကောင်းစားနေတဲ့အချိန်မှာ သူတို့အတွက် သင့်တော်တဲ့ ပမာဏ… စားရလွယ်ကူမဲ့အစားမျိုး လုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်…
ကျနော်တို့ မွေးထွက်လာကတည်းက နို့တိုက် အနှီးလဲပေးတာတွေ… ဖျားနာနေတဲ့အချိန်မှာ မအိပ်မနားပြုစုပေးခဲ့တာတွေ… အခြေခံ ယဉ်ကျေးမှုတွေသင်ပေးတာတွေ… ကျောင်းတတ်ဖို့… ပျော်ပါးစားသောက်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တာတွေ… စိတ်ပူ ဂရုစိုက်မှုတွေဟာ တစ်ချိန်မှ မရပ်နားခဲ့ပါဘူး… အကယ်၍ တစ်နေ့နေ့မှာ သူတို့ မလျှောက်နိုင်တော့ဘူးဆိုရင် နေရာချင်းလဲပြီး မစဉ်းစားပေးသင့်ဘူးလားဗျာ…
အကယ်၍ ဒီစာလေးကိုဖတ်ပြီးရင် ခင်ဗျားတို့မျှဝေပေးခြင်းအားဖြင့် ဒီအကြောင်းအရာလေးတွေကို လူများများဆီရောက်နိုင်မယ်ဆိုရင် မေတ္တာဖြန့်ပေးရာရောက်ပါတယ်… ခင်ဗျားတို့ရဲ့ မျှဝေပေးလိုက်တဲ့ အလုပ်လေးသေးသေးလေးဟာ လူအိုပေါင်းများစွာအတွက် အလင်းရောင်ဖြစ်နိုင်ပါတယ်… ကျနော်တို့လဲ နောင်တချိန်မှာ လူအိုဖြစ်လာကြမှာပါ…

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>