** ဒါ မနှင်းဦးဝေတို့  အိမ်ပါလားရှင် **
အိမ်ရှေ့ ခြံအပြင်မှမေးသံကြောင့် ကျွန်မအပြင်ကိုထွက်ကြည့်လိုက်ပါသည် ။
အသက် (၄၀) အရွယ်ခန့်အန်တီတစ်ယောက်ကိုတွေ့ လိုက်ရသည်။
** ဟုတ်ကဲ့ ကျွန်မပါ အန်တီ ဘာကိစ္စရှိလို့ ပါလဲ **
**ဒေါ်ခင်မာသက်က စာကို ဒီအိမ်လိပ်စာအတိုင်းမရောက်ရောက်အောင်
ပို့ ခိုင်း လိုက်လို့လာပို့ တာပါ ။
ဒေါ်ခင်မာသက်ဟုဆိုသောကြာင့် ကျွန်မရင်ထဲထိပ်သွားပါသည်။ စာအိပ်ပေါ်တွင်
ကျွန်မနာမည်နှင့် လိပ်စာအပြည့်အစုံရေးထားသည်။
** ဘာမှာလိုက်သေးလဲ အန်တီ လာပါအိမ်ထဲဝင်ပါဦးလား **
** မ၀င်တော့ပါဘူးကွယ်နေပါစေတော့ ။ ဒေါ်ခင်မာသက် လွန်ခဲ့တဲ့ နှစ်လလောက်က
ထောင်ထဲမှာဆုံးသွားပါပြီ ။ အန်တီလည်းအခုမှထောင်ကလွတ်လာလို့ လွတ်လွတ်ချင်း
မမသက်ကိုဂတိပေးထားတဲ့အတိုင်းလာပေးတာပါ ။ ကဲခွင့်ပြု ပါဦးနော် **
နှုတ်ဆက်ထွက်သွားသော အန်တီနောက်ကျောပြင်ကိုငေးကြည့်နေရင်း မေမေ့အကြောင်း
တွေးကာ ၀မ်းနည်းလာသည်မို့  မျက်ရည်များလည်း ၀ဲလာသည် ။
** သြော် မေမေဆုံးသွားပြီဆိုပါလား **
စာအိပ်ကိုဖေါက်ပြီးကြည့်လိုက်တော့ စာတစ်စောင်နှင့် အသဲပုံလော့ကက်သီးလေးပါသော
စတီးဆွဲကြိုးလေး ။ လော့ကက်သီးလေးကိုဖွင့်ကြည့်လိုက်တော့ တစ်ခြမ်းက ကျွန်မပုံ
နောက်တစ်ခြမ်းက ပြုံးနေသော မေမေ့ပုံ ။ ဟိုတုံးကလိုပဲမပြောင်းလဲသေး ။
** အင်း မေမေ ဒီဆွဲကြိုးလေးကို ကိုယ်နဲ့ မကွာ သိမ်းထားခဲ့တာပါလား **
ကျွန်မ မေမေ့စာကိုဖွင့်ဖတ်လိုက်ပါသည် ။ မေမေ့ရဲ့ ဝိုင်းစက်နေသောလက်ရေးလေးတွေက
အခုချိန်ထိမပြောင်းလဲသေးပါ။
သမီးလေးဝေေ၀
ဒီစာဟာ သမီးလေးအတွက် မေမေ့ရဲ့ နောက်ဆုံးလက်ဆောင်ဖြစ်မယ်ထင်ပါတယ် ။
ဘာဖြစ်လို့ လည်းဆိုတော့မေမေ ဖုံးကွယ်ထားခဲ့သမျှ တွေကို သမီးသိအောင်ဖွင့်ပြောပြ
ခဲ့ချင်လို့ ပါ ။မေမေ့ကိုတရားရုံးမှာ အမိန့် ချ တဲ့နေ့ ကိုသမီးမှတ်မိမှာပါ ။
မေမေ့စာကြောင့် မေမေ့ကိုအမိန့် ချ သော နေ့ က အဖြစ်အပျက်များကိုပြန်မြင်ယောင်
လာပါသည် ။ မေမေအဖမ်းခံရမှန်းတော့သိသည်။ ဘာအမှုမှန်းမသိ ။ ကျွန်မထင်တာက
မေမေကအပေါင်းအသင်းဆန့် သည် ။အမြဲတမ်းလှလှပပ၀တ်စားတတ်သည် ။ အမြဲတမ်း
လည်းငွေရွှင်သည် ။ ကျွန်မ ( ၆ ) နှစ်သမီး ဖေဖေဆုံးပြီးကတည်းက မေမေကျွန်မကိုပြု
စုစောင့်ရှောက်လာခဲ့သည် ။. ပညာတွေသင်ပေးခဲ့သည် ။ကျွန်မသိထားတာက မေမေသည်
ေေေ ကျောက်မျက်အရောင်းအ၀ယ်လုပ်သည် ။
တရားခွင်တွင် တရားသူကြီး၏ အမိန့် ချ သံက နားထဲသို့ ဝင်လာသည် ။
*** အဘ ဦးမင်းမောင်၏သမီး တရာခံခင်မာသက်သည် ပြည့်တန်ဆာပုဒ္မ ( ။။။။။။။)
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ ရှိမှုပုဒ္မ( ။။။။။။။ )နှင်ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့်
ထောင်ဒဏ် (၁၀) နှစ်ကျ ခံစေရန် အမိန့် ချ မှတ်လိုက်သည် **
အမိန့် ချ သံကြောင့် ကျွန်မလန့် ပြီး မတ်တပ်ထရပ်မိသည် ။ တရးသူကြီးကိုကြည့်ပြီး
တရားခံခြံလေးထဲမှ မေမေ့ကိုလှမ်းကြည့်လိုက်သည်။ကျွန်မကိုလှမ်းကြည့်နေသော
မေမေ့မျက်နှာတွင် ညှိုးငယ်မှုများ အားနာမှုများ ထင်ဟတ်နေသည်ဟုကျွန်မထင်မိသည်။
ဘုရားဘုရား ပြည့်တန်ဆာမှုဆိုပါလား ဒါဆိုမေမေ ---------- ဟာ ဆက်မတွေးရဲတော့
ကျွန်မနားနှစ်ဖက်ကို ပိတ်ထားပြီးခေါင်းကိုငုံ့ ထားလိုက်သည် ။မျက်ရည်များက တသွင်သွင်
စီးကျလာသည် ။ရှက်စိတ် ၀မ်းနည်းစိတ်များကြောင့်မေမေ့ကိုလည်းမတွေ့ ချင်တော့ ။
** သမီး ဝေေ၀ လာလေ သမီးမေမေကိုသွားတွေ့ ရအောင် **
မေ့မေ့ညီမ ဒေါ်လေးတင်ကလက်မောင်းကိုကိုင်ပြီးပြောတော့မှကျွန်မသတိပြန်ဝင်လာသည်
မေမေနှင့်မျက်နှာချင်း ဆိုင်တွင်ရပ်လိုက်ပြီး မေမေ့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေမိသည်။
မေမေက မျက်ရည်အရွှဲသားနှင့် ကျွန်မကိုလှမ်းဖက်သည်။ ကျွန်မကအဖက်မခံပဲ မေမေ့
လက်နှစ်ဖက်ကို ပုတ်ထုတ်လိုက်သည် ။
** မေမေ့ကိုခွင့်လွှတ်ပါသမီးရယ် ။ မေမေသမီးအတွက်အခုလိုလုပ်လုပ်ခဲ့ရတာပါ **
မေမေငိုသံပါနှင့်ကျွန်မကိုပြောသည် ။ကျွန်မ (၁၀) တန်းအောင်သည့်နှစ်ကမေမေ၀ယ်
ပေးခဲ့သောအသဲပုံလော့ကက်သီးလေးပါသောစတီးဆွဲကြိုး လေးကိုချွတ်လိုက်ကာ
မေမေ့ရင်ဘတ်ထဲသို့ ကျွန်မပြစ်ပေါက်လိုက်ပြီး အောက်ပါအတိုင်းပြောကာမေမေ့အပါး
မှပြေးထွက်ခဲ့ပါတော့သည် ။
** ကျွန်မ အဲ့လိုမေမေ မျိုးမလိုချင်ဘူး **
ထိုဆွဲကြိုးလေးကိုအမှတ်တရ မေမေဆွဲပေးရင်းမေမေပြောခဲ့သော စကားများကိုပြန်လည်
ကြားယောင်နေမိသည်။
** မေမေကပိုက်ဆံမရှိတော့ သူများတွေလို သမီးကိုရွှေဝယ်မပေးနိုင်ဘူး ။ မေမေရှာတဲ့
ပိုက်ဆံက သမီးပညာရေးအတွက်ပဲ သုံးမယ်လို့ မေမေ ဆုံးဖြတ်ထားတာ ။ ဒါကြောင့်
ဒီဆွဲကြိုးလေးပဲကျေ နပ်နော်သမီး။ လော့ကက်သီးလေးထဲမှာ မေမေ့ပုံနဲ့  သမီးပုံလေးကို
တစ်ခြမ်းစီထည့်ထားတယ် **
** ဘာလို့ အဲ့လိုထည့်ထားတာလဲမေမေ **
**လော့ကက်သီးလေးကိုပြန်ပိတ်လိုက်ရင် ဓါတ်ပုံနှစ်ခုကပြန်ပူးသွားမယ်လေ။ မေမေက
သမီးလေးကိုသိပ်ချစ်လို့  အမြဲတမ်းနမ်းနေတဲ့သဘောပေါ့သမီးရယ် ။ တကယ်လို့ မေမေ
သမီးအနားမှာမရှိတဲ့အခါ သမီးလေးသတိယခဲ့ရင် ဖွင့်ကြည်ဖို့ ပေါ့ကွယ်**
ထိုနေ့ ကချို မြသော မေမေ့စကားသံကြောင့်မေမေ့ကို ကျွန်မတအားဖက်ပြီးတအားနမ်း
ပေးခဲ့ပါသည် ။ကျွန်မအနမ်းတွေကိုမေမေကပြုံးပြုံးကြီးခံယူခဲ့သလို မေမေ့အနမ်း
များကလည်း ကျွန်မကိုခွန်အားများတိုးပွားစေခဲ့ပါသည် ။
ကျွန်မမေမေ့စာကိုဆက်ဖတ်လိုက်ပါသည် ။
သမီးဝေေ၀ တကယ်တော့မေမေဟာရွှေအတုတွေကို ကိုယ်မှာဆင်ပြီး ကျောက်ပွဲစား
ဟန်ဆောင်ခဲ့တာပါ ။တကယ်မေမေလုပ်ခဲ့တာကပြည့်တန်ဆာအလုပ်ပဲ။မေမေတို့ ဘဝ
တူ သူငယ်ချင်း (၄)ယောက်ပေါင်းပြီ မြို့ ထဲမှာ တိုက်ခန်းငှားပြီးအဲ့ဒီအလုပ်ကို လုပ်ခဲ့
ကြတယ် ။ သမီးဖေဖေဆုံးတော့ သမီးက နှစ်တန်းပဲရှိသေးတယ် ။မေမေဘာမှမလုပ်တတ်
ဘူး ။ စိတ်လည်းအရမ်းညစ်နေတာပေါ့ ။ သမီးကိုလည်းပညာတတ်တစ်ယောက်ဖြစ်စေချင်
တယ် ။
မေမေ့ညီမ တင်တင် ကတော့ပြောပါတယ် အိမ်ကိုရောင်းပြီး သူတို့ နဲ့ လာနေဖို့ ပေါ့ ။
မေမေမလုပ်ခဲ့ဘူး ။ သမီးဖေဖေထားခဲ့တဲ့အိမ်သမီးအတွက်လို့ မေမေသတ်မှတ်ထားတယ်။
ဒါနဲ့ ဘဲ မေမရှာခဲ့သမျှငွေတွေကိုသမီးပညာရေးအတွက်သုံးခဲ့တယ်။ သမီးကစာတော်ပြီး
ကျိုးစားတဲ့သူဆိုတော့ မေမေကျေနပ်ဝမ်းသာခဲ့ရပါတယ်သမီးရယ်။
ကျွန်မမျက်စိထဲပြန်မြင်ယောင်လာပါသည် ။ ကျွန်မစာကျက်နေချိန် လ္ဘက်သုတ်ပေး
ကော်ဖီဖျော်ပေးနဲ့  ဘေးနားက အရိပ်တကြည့်ကြည့်နေခဲ့တာ။ ပြီးတော့ပြောသေးသည်။
** သမီး လိုအပ်တာပြောနော် သမီးမလိုက်နိုင်တဲ့ဘာသာရှိရင် သမီးကြိုက်တဲ့ ကျူ ရှင်
ကိုတက် ပိုက်ဆံအတွက်စိတ်မပူနဲ့  မေမေရှာပေးမယ်**
(၁၀) တန်းအောင်သည့်တိုင် တစ်နှစ်မှကျွန်မ မကျ ခဲ့ ။ တစ်ခုပြောင်းလဲသွားတာက
ကျွန်မတက္ကသိုလ်တက်သောနှစ်မှစပြီဘွဲ့ ရသည်အထိ ကျွန်မကိုဒေါ်လေးလက်အပ်ကာ
ခရီးခဏခဏထွက်နေခြင်းပင် ။ ကျွန်မကတော့မေမေ့ကိုသတိယတိုင်း လော့ကက်သီးလေး
ထဲမှမေမေ့ပုံလေးကိုဖွင့်ကြည့်ရတာအမော ။
မေမေ့စာကိုဆက်ဖတ်ရင်းကျွန်မမျက်ရည်ကျ စပြုလာပါသည် ။
သမီးတက္ကသိုလ်တက်တဲ့နှစ်မှာကုန်ကျ စရိတ်ကလည်းများလာတော့ မေမေတို့ သူငယ်
ချင်းတွေ မူးယစ်ဆေးဝါးအလုပ်ကိုပါတွဲပြီးလုပ်ခဲ့ကြတယ် ။
ပြီးတော့သမီးအရွယ်ကောင်မလေးတွေ မေမေတို့ လက်အောက်ဝင်လာကြတယ်။
မေမေကဒီအလုပ်ကိုမလုပ်ဖို့ တားပေမဲ့ သူတို့ ပြောတဲ့စကားကြောင့်မေမေပါမျက်ရည်
ကျ ခဲ့ရတယ်။
** မလုပ်လို့ မဖြစ်ဘူးအန်တီ ကောင်းရောင်းကောင်းဝယ် လုပ်ရင်လခကလည်းမဖြစ်
စလောက် ပြီးတော့ ဟိုလူ့ အောက်ကျ ဒီလူ့ အောက်ကျ သမီးတို့ ပညာရေးကလည်း
တစ်ပိုင်းတစ်စ မိဘတွေကလည်းစားဖို့ တောင်မနဲရှာနေရတာ ။ သမီးခုလိုလာလုပ်တာ
ပျော်လို့ မဟုတ်ဘူးအန်တီ ငွေရလွယ်တယ် မိဘတွေကိုလည်းတစ်ဖက်တစ်လမ်းက
ထောက်ပံ့နိုင်တယ်.။ သမီးလည်း လိုချင်တာဝယ်နိုင်တယ်။ သမီးမောင်လေးနဲ့ ညီမလေး
ကိုလည်း ကျောင်းထားနိုင်တယ် **
သမီးသာမေမေကောင်းခဲ့လို့  မပူမပင်မကြောင့်မကျ ပညာသင်နိုင်တာ ။သမီးအရွယ်
သူတို့ လေးတွေက ပညာသင်ချ င်ပေမဲ့ မိဘကိုငဲ့ မောင်ညီမတွေအတွက် ဘ၀ကိုစတေး
နေတဲ့ ဒီလိုမိန်းကလေးတွေဟာ ဒီလိုခောတ်ဆိုးစနစ်ဆိုးမှာ ဘယ်လောက်တောင်များ
နေပြီလည်းဆိုတာ မေမေတော့ တွေးတောင်မတွေးရဲတော့ပါဘူးသမီးရယ်။
ဒါပေမဲ့ကံတရားပဲလေ မေမေလည်းသူတို့ လိုလူပဲဟာဘာတတ်နိုင်မှာလဲ ။
တတ်နိုင်သလောက်တော့သူတို့ လေးတွေကို ကာကွယ်စောင့်ရှောက်ပေးရတာပေါ့။
မေမေကတော့ကျေနပ်ပါတယ်လေ။ မေမေ့သမီးလေးကပညာတတ်တစ်ယောက်ဖြစ်
သွားပြီ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်လမ်းကိုယ်လျှောက်နိုင်သွားပြီဆိုတော့
မေမေသေမယ်ဆိုရင်တောင် သေပျော်ပါပြီသမီးရယ် ။
တရားရုံးမှာ သမီးပြောခဲ့တဲ့စကား မေမေတကယ်ဘဲ စိတ်ထိခိုက်ရပါတယ် ။
သမီးနဲ့ မေမေတစ်ကယ်ဝေးသွားပြီဆိုတာလည်း မေမေသိခဲ့ရတယ်။ ဒါပေမဲ့
တစ်ချိန်ချိန်မှာ ဒီလိုဖြစ်ရပ်မျိုးကြုံ ရမယ်ဆိုတာ မေမေသိထားတော့ မေမေခံနိုင်
အောင်ပြင်ဆင်ထားခဲ့ပေမဲ့ မေမေ့လုပ်ရပ်တွေကို မမျှော်လင့်ဘဲ သိသွားတဲ့သမီးအတွက်
ဘယ်လောက်ခံစားသွားရမလဲဆိုတာ မေမေတွေးမိပါတယ်သမီးရယ် ။အဲ့ဒီအချိန်တုံး
ဒေါသဖြစ်နေတဲ့ သမီးမျက်နှာလေးကို ကြည့်ပြီးမေမေသနားလိုက်တာလေ ။
မေမေ့ကိုပြောပြီး လှည့်ထွက်သွားတဲ့ သမီးပုံရိပ်ကို အခုထိမေမေ့မျက်စိထဲ မြင်
ယောင်နေဆဲပါ **
မေမေ့စာကြောင့် ကျွန်မမျက်ရည်များ ဒလဟောစီးကျလာပါသည် ။
ပြီးတော့ သမီးနဲ့ မေမေဒီတစ်ခါတွေ့ ပြီးရင် ဘယ်တော့မှမတွေ့ နိုင်တော့ဘူးဆိုတာသိလို့ 
သမီးလေးကိုဖက်ပြီးသမီးပါးလေးကိုအားရအောင်နမ်းဖို့ စိတ်ကူးထားခဲ့တာ ဒါပေမဲ့
အဖက်မခံတဲ့သမီးကြောင့် မေမေ့စိတ်ကူးတွေ အရည်ပျော်ပြီး ကြေကွဲဝမ်းနည်းခဲ့ရ
ပါတယ်သမီးရယ် **
ကျွန်မမေမေ့စာကိုဆက်မဖတ်နိုင်စွမ်းမရှိတော့ အားရပါးရ ငိုကြွေးနေမိပါသည်
မေမေ့စာသားများက ကျွန်မနှလုံးသားကို တစစ်စစ် နာကျင်စေပါသည် ။ နှုတ်မှလည်း
ရေရွတ်နေမိသည်။
** မေမေ့ခံစားချက်အစစ်အမှန်ကိုမရိပ်မိဘဲ သမီးအဲ့ဒီလောက်တောင် မသိတတ်ခဲ့တာပါ
လားမေမေရယ် သမီးတောင်းပန်ပါတယ် ။ သမီးမိုက်ကို ခွင့်လွှတ်ပါ **
မျက်ရည်များကြားမှ မေမေ့စာကိုဆက်ဖတ်ဖြစ်ပါသည် ။
ဒါပေမဲ့ဒီလိုလည်းဖြစ်လာနိုင်တယ်ဆိုတာ ကြို တွေးထားတော့ မေမေဖြေသာပါတယ်လေ ။
သမီးလေးအတွက်သာမေမေကပိုပြီးစိုးရိမ်နေခဲ့တာ ။ နာကျည်းစိတ်နဲ့ မေမေ့ကိုပြစ်ထားတော့
မယ်ဆိုတာလည်း မေမေသိပါတယ် ။ ဒါပေမဲ့
ညစဉ်ဘုရားရှစ်ခိုးပြီးတိုင်း သမီးလေး ကိုယ်ကျမ္မာပြီး စိတ်ချမ်းသာစေဖို့  ဆုတောင်းပေး
ခဲ့ရတာလည်းအမောပါဘဲကွယ် ။ သမီးကိုမေမေဘယ်လိုမှသဘောမထားပါဘူး ။
သမီးကိုမေမေ ချစ်တယ် အပြစ်မမြင်နိုင်အောင်ချစ်တယ်။ စိတ်လည်းမဆိုးရက်ပါဘူးလေ။
ဘာဖြစ်လို့ လည်းဆိုတော့ ဒီလမ်းဟာသမီးလေးအတွက် မေမေရွေးခဲ့တဲ့လမ်းပဲလေ ။
ဒီဒဏ်လောက်တော့မေမေခံနိုင်ရမှာပေါ့ **
စာဖတ်နေရင်းမျက်ရည်များက ထပ်ကျလာပြန်ပါသည် ထောင်ကျ ပြီးကတည်း
ကမေမေ့ကိုတစ်ခါမှကျွန်မ သွားမတွေ့ ခဲ့ ။ ဒေါ်လေးခေါ်လည်းမလိုက်ခဲ့ ။ ကျွန်မ
တွေးရင်းမေမေ့ကိုသနားလာကာ ငိုပြီးရင်း ငိုချင်ဖြစ်လာပါသည်။ စိတ်ထဲမှလည်း။
** မေမေရယ် ဒီလောက်တောင်ဒုက္ခတွေခံစားနေတာတောင် သမီးအတွက်စိတ်ပူ
ပေးရေသေးလားမေမေရယ် ။ သမီးမေမေ့ကိုသနားလိုက်တာ **
သမီးရေ မေမေနေချင်သလိုနေ စားချင်သလိုစားခဲ့တဲ့ ဒဏ်တွေကထာင်ထဲမှာ
အစာအိမ်ရောဂါသည်အဖြစ်ခံနေရပြီသမီးရယ် ။ မေမေကြာကြာနေရတော့မှာမဟုတ်တော့ဘူး
ဒါကြောင့်သမီးဆီကို မေမေနဲ့ အတူနေတဲ့မထွေးကို အကူအညီတောင်းပြီး ဒီစာကို
ပေးခိုင်းလိုက်တာပါ ။ တကယ့်အဖြစ်မှန်တွေကိုသမီးလေးသိသွားပြီး မေမေ့အပေါ်မှာထားနေတဲ့ နာကျ ည်းစိတ်
တွေ ဒေါသတွေ ပြေပျောက်သွားစေချင်လို့ ပါ ။ သမီးအိမ်ထောင်ကျ ပြီး မေမေ့အတွက်
မြေးမလေးလည်းရနေပြီဆိုတာ မေမေသိပါတယ်။ .ဒါပေမဲ့ မေမေ့အကြောင်းတွေကို
မြေးလေးကိုဘာမှပြန်မပြောပါနဲ့ တော့သမီးရယ် မေ့မေ့ပျောက်ပျောက်ပဲထားလိုက်ပါတော့။
သမီးတို့ မိသားစု အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ မေမေဆုတောင်း
ပေးလိုက်ပါတယ် ။
သမီးမေမေ ခင်မာသက်
** သြော် မေမေရယ် သမီးအတွက်မပြောနဲ့  မမြင်ဘူးတဲ့မြေးလေးအတွက်တောင်
ထည့်ပြီးစိတ်ပူပေးနေပါလား ။ စိတ်ချပါမေမေရယ် ဘ၀နဲ့ ရင်းပြီး သမီးကိုမြေတောင်
မြှေက်ပေးခဲ့တဲ့ မေမေ့ ကျေးဇူးတရားတွေကိုအမြဲတမ်း သတိယလွမ်းဆွတ်နေမှာပါမေမေရယ် ။
မေမေ့ကိုသမီးလုံးဝ အပြစ်မမြင်တော့ပါဘူး။
သမီးလည်းမေမေ့ကိုသိပ်ချစ်ပါတယ် ။ သမီးမှာခဲ့တဲ့အမှားတွေအတွက်မေမေ့ကိုတောင်း
ပန်ပါတယ် ခွင့်လွှတ်ပါမေမေ **
ထိုအခိုက် သမီးလေးက အိပ်ယာမှနိးလာပြီး ကျွန်မကိုပြေးဖက်ကာ ။
** ဟင် မေမေငိုနေတယ် ဘာဖြစ်လို့ လဲ**
** ဘာမှမဟုတ်ပါဘူးသမီးရယ် **
သမီးကို ကျွန်မရှေ့ ရပ်ခိုင်းပြီး စတီးဆွဲကြိုးလေးကို ဆွဲပေးလိုက်ပါသည် ။
** သမီးကြိုက်လား **
** ကြိုက်တယ် မေမေ ဘယ်သူပေးတာလဲ **
** သမီးဖွားဖွားက ဟိုးအဝေးကြီးကပို့ ပေးလိုက်တာ **
ကျွန်မကလော့ကက်သီးလေးကိုဖွင့်လိုက်ပါသည် ။ ဓါတ်ပုံ နှစ်ပုံကိုကြည့်ပြီးသမီးက။
**ဒါကမေမေ့ပုံ ဒါကကဖွားဖွားပုံလား **
သမီးကိုခေါင်းညိတ်ပြရင်း ပြုံးနေသောမေမေ့ဓါတ်ပုံကိုကြည့်ပြီးဘယ်တော့မှပြန်မလာတော့
သည်ကိုတွေးမိသဖြင့် စိတ်မကောင်းဖြစ်လာကာမျက်ရည်များ ထပ်ကျ လာပါသည် ။
** မေမေမငိုနဲ့ လေ မေမေ့မျက်ရည်တွေသမီးသုတ်ပေးမယ်နော် **
ပြောပြောဆိုဆို သမီးကကျွန်မ မျက်ရည်များကိုသုတ်ပေးနေပါသည် ။
** သြော်သမီးတောင် မေမေ့မျက်ရည်တွေကို မေမေ့မြေးလေးသုတ်ပေးသလို
သုတ်ပေးခွင့်မရခဲ့ပါလားမေမေရယ် ။ သမီးကိုခွင့်လွှတ်ပါ **
သူငယ်ချင်းအားလုံး
မိခင်ကျေးဇူးသိတတ်တဲ့သူတွေဖြစ်ကြပါစေ